Local News

စုဘူး ေဖာက္ၿပီး ရလာတဲ့ ေငြေတြ အကုန္လုံး ကို ဧရာဝတီ စင္တာ ကို လွူဒါန္း ေပးခဲ့တဲ့ ေမာင္လင္းျမတ္

Written by Ms Cele

စုဘူး ေဖာက္ၿပီး ရလာတဲ့ ေငြေတြ အကုန္လုံး ကို ဧရာဝတီ စင္တာ ကို လွူဒါန္း ေပးခဲ့တဲ့ ေမာင္လင္းျမတ္

ျမန္မာနိုင္ငံ မွာ တေန႔တျခား မ်ားလာတဲ့ ကိုဗစ္လူနာေတြနဲ႔ သံသယ လူနာေတြ Quarnatine ဝင္ဖို႔အတြက္ ဦးေဇာ္ေဇာ္ က ဧရာဝတီစင္တာ ကို မတည္လႉဒါန္းေပး ထားသလို ေန႔စဥ္ေန႔တိုင္းလည္း အလႉရွင္ေတြ ေစတနာသဒၶါ တရားထက္သန္စြာ လာေရာက္လႉဒါန္းေပးလ်က္ ရွိပါတယ္။

ဒီေန႔အတြက္ အလႉရွင္ေတြ ထဲမွာေတာ့ ထူးထူးျခားျခား ကေလးငယ္ တစ္ေယာက္ပါဝင္ခဲ့ ပါတယ္။ ေမာင္လင္းျမတ္လို႔ ေခၚတဲ့ ကေလးတစ္ေယာက္ ကေတာ့ ဧရာဝတီစင္တာ မွာ လႉဒါန္းဖို႔ အတြက္ သူ႔ကိုယ္ပိုင္စုဘူးေလးကို ေဖာက္ၿပီး လာေရာက္ လႉဒါန္းေပးခဲ့တာပါ။ မုန္႔ဖိုးေလးေတြ စုထားတဲ့ေငြ စုစုေပါင္း( ၇၉၁၅၀) က်ပ္ကို ဧရာဝတီစင္တာ မွာ လႉဒါန္းခဲ့ရာ မွာေတာ့ ဦးေဇာ္ေဇာ္ ကိုယ္တိုင္ အလႉေငြ လက္ခံခဲ့ပါတယ္။

ေမာင္လင္းျမတ္ရဲ့ ေစတနာသဒၶါ တရားထက္သန္တဲ့ အလႉေလးအတြက္ ဧရာဝတီစင္တာမွ အထူးေက်းဇူးတင္ စကားဆိုခဲ့တဲ့အျပင္ စီးပြားဥစၥာ မ်ား ဒီေရအလား တိုးပြားၿပီး အမ်ားအက်ိဳး အတြက္ ဆတက္ထမ္းပိုး ပံ့ပိုးကူညီနိုင္ ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္း ေပးခဲ့ပါတယ္။ ျမန္မာနိုင္ငံ ရဲ့ကိုဗစ္ကာကြယ္ေရး လုပ္ငန္းေတြမွာ တစ္တပ္တစ္အား ပါဝင္ခဲ့တဲ့ သားေလး ေမာင္လင္းျမတ္ရဲ့အလႉေလး ကို ပရိသတ္ႀကီး လည္း သာဓုေခၚေပး ခဲ့ပါဦးေနာ္။

Source – Ayeyarwady Foundation
Rainbow- Cele Gabar

စုဘူး ဖောက်ပြီး ရလာတဲ့ ငွေတွေ အကုန်လုံး ကို ဧရာဝတီ စင်တာ ကို လှူဒါန်း ပေးခဲ့တဲ့ မောင်လင်းမြတ်

မြန်မာနိုင်ငံ မှာ တနေ့တခြား များလာတဲ့ ကိုဗစ်လူနာတွေနဲ့ သံသယ လူနာတွေ Quarnatine ဝင်ဖို့အတွက် ဦးဇော်ဇော် က ဧရာဝတီစင်တာ ကို မတည်လှူဒါန်းပေး ထားသလို နေ့စဉ်နေ့တိုင်းလည်း အလှူရှင်တွေ စေတနာသဒ္ဓါ တရားထက်သန်စွာ လာရောက်လှူဒါန်းပေးလျက် ရှိပါတယ်။

ဒီနေ့အတွက် အလှူရှင်တွေ ထဲမှာတော့ ထူးထူးခြားခြား ကလေးငယ် တစ်ယောက်ပါဝင်ခဲ့ ပါတယ်။ မောင်လင်းမြတ်လို့ ခေါ်တဲ့ ကလေးတစ်ယောက် ကတော့ ဧရာဝတီစင်တာ မှာ လှူဒါန်းဖို့ အတွက် သူ့ကိုယ်ပိုင်စုဘူးလေးကို ဖောက်ပြီး လာရောက် လှူဒါန်းပေးခဲ့တာပါ။ မုန့်ဖိုးလေးတွေ စုထားတဲ့ငွေ စုစုပေါင်း( ၇၉၁၅၀) ကျပ်ကို ဧရာဝတီစင်တာ မှာ လှူဒါန်းခဲ့ရာ မှာတော့ ဦးဇော်ဇော် ကိုယ်တိုင် အလှူငွေ လက်ခံခဲ့ပါတယ်။

မောင်လင်းမြတ်ရဲ့ စေတနာသဒ္ဓါ တရားထက်သန်တဲ့ အလှူလေးအတွက် ဧရာဝတီစင်တာမှ အထူးကျေးဇူးတင် စကားဆိုခဲ့တဲ့အပြင် စီးပွားဥစ္စာ များ ဒီရေအလား တိုးပွားပြီး အများအကျိုး အတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင် ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲ့ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်ခဲ့တဲ့ သားလေး မောင်လင်းမြတ်ရဲ့အလှူလေး ကို ပရိသတ်ကြီး လည်း သာဓုခေါ်ပေး ခဲ့ပါဦးနော်။

Source – Ayeyarwady Foundation
Rainbow- Cele Gabar

About the author

Ms Cele

Leave a Comment