Celebrity


Written by Ms Cele





Credit:Celelucky

စုံတွဲပုံလေးကို ကိုယ်တိုင်ဆွဲကာ သူမချစ်သူကို ပရိသတ်တွေသိအောင် အရိပ်အမွတ်လေးပြောပြလိုက်တဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းဆုရတီစိုး တစ်ယောက် ချစ်သူရပြီးကတည်းက ငြိမ်ချက်သား ကောင်းလွန်နေ ပါတယ်နော်။ လက်ရှိချစ်သူနဲ့ တွဲလာတာ တစ်နှစ်ကျော်ကြာပြီဆို ပေမယ့်လည်း အခုထိတော့ တရားဝင် ပြောမပြသေးပါဘူးနော်။

ချစ်သူလက်ဆောင်ပေးတာလေးတွေ ကိုတော့ အမြဲတမ်း ထုတ်ပြလေ့ရှိ ပါတယ်နော်။ stay home ကာလဖြစ်တာကြောင့် အိမ်ထဲမှာ နေရတဲ့ ချစ်သူလေးအတွက် နန်းဆုကောင်လေးက အစားအသောက်မျိုးစုံကို ဝယ်ပြီးပို့ပေးထားတာ ကြည်နူးစရာကောင်းလှပါတယ်နော်။

နန်းဆုအပေါ် ဂရုစိုက်တတ်တဲ့ ချစ်သူကို ပရိသတ်တွေကလည်း အရမ်းကို သိချင်နေကြပါပြီနော်။ သူမရဲ့ ကောင်လေးကို စိတ်ဝင်စားနေကြသူများအတွက် နန်းဆုကိုယ်တိုင် စုံတွဲပုံဆွဲထားတာကို ဆိုရှယ်မီဒီယာကနေ တင်ပေးလိုက်ပြီဖြစ်တဲ့ အတွက် ပရိသတ်ကြီးလည်း ကြည့်ရှုပြီး ခန့်မှန်းပေးသွားကြပါဦးနော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment