Celebrity


Written by Ms Cele





Rainbow- Cele Gaba r

စွန့်စားမှု အပြည့်နဲ အလုပ်တွေ ကြိုးစား ခဲ့တဲ့ ခင်ပွန်း ဖြစ်သူ ကိုပြည့်မောင် ရဲ့အကြောင်းတွေ မျှဝေရင်း မွေးနေ့ ဆုတောင်းပေး လိုက်တဲ့ စမိုင်းလ်

ပရိသတ်ကြီး ရေ ဒီနေ့အောက်တိုဘာ(၂၂) ရက်နေ့လေး ကတော့ ပရိသတ်ရဲ့အချစ်တော် စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင် ရဲ့မွေးနေ့ ရက်မြတ်လေးပါ။ စမိုင်းလ် ကတော့ ခင်ပွန်းဖြစ်သူရဲ့မွေးလ အစကတည်းက အလှူအတန်းတွေ ဆက်တိုက်ပြုလုပ် ပေးခဲ့သလို ဒီနေ့မွေးနေ့ရက် လေးမှာလည်း စမိုင်းလ် အွန်လိုင်းရုပ်ရှင်ရုံ ကိုပါ ဖွင့်လှစ်ရင်း သိန်းလေးဆယ် တန်ဖိုးရှိ ကံစမ်းမဲတွေ ဖောက်ပေးသွား ဦးမှာပါ ပရိသတ်ကြီးရေ..

ကိုပြည့်မောင် ကတော့ စမိုင်းလ်ကို တီဗွီကြေ ာ်ငြာလေးတစ်ခုကနေ ချစ်ခဲ့ တာဖြစ်သလို ကိုယ်ရွေးချယ်လိုက်တဲ့ မိန်းကလေးကို အမြဲတမ်း စိတ်ချမ်းသာ ပျော်ရွှင်နေအောင် ထားနိုင်သူ တစ်ယောက်လို့ ဆိုရမှာပါ။ ကိုပြည့်မောင် အတွက် မွေးနေ့ဆုတောင်းလေးကိုတော့ Happy birthday ပါမောင်… ဘယ်တော့မှ သူများလမ်းကြောင်းနောက် ကမလိုက် ကိုယ်တိုင်စွန့်စား မရမကလမ်းဖောက်ပြီး idea အသစ်တွေအမြဲတွေး တောပြီးဖန်တီးတတ်တဲ့ ယောကျာ်း .. လွန်ခဲ့တဲ့ (၉) မြန်မာပြည်မှာဖုန်းခတွေ တက်ဈေး တွေမြင့်နေတုန်းက မြန်မာပြည်သူပြည်သားတွေနိုင်ငံခြားကို ဈေးသက်သက်သာသာနဲ့ခေါ်ဆိုလို ့ရအောင် #Ytalk ဖုန်းကဒ်ကိုပထမဆုံးစွန့်စားတီထွင်ခဲ့သူ။ အခုလည်းရုပ်ရှင်ေ လာကဒုက္ခပင်လ ယ်ဝေနေချိန် တတ်နိုင်သလောက် တတ်စွမ်းတဲ့ပညာနဲ့လမ်းသစ်ဖောက်မယ့် ယောကျာ်း

ဘုရားတရား လုပ်မယ် ဆိုနှစ်ခါမပြောရသူ…. အလှူအတန်း လက်မနှေးဘဲ အမြဲသူများအတွက် ဦးစားပေးသူ.. အမြဲလေးစ ားပြီးအားကိုးရတဲ့သူ…. မိန်းမမျက်နှာ တစ်ချက်အပျက်မခံနိုင်သူ….. မိန်းမမျက်နှာကို မကြည့်ဘဲ ဘာဖြစ်နေတယ်ဆိုတာ ခန့်မှန်းနိုင်သူ ( စောင့်အောင့်နေမှတော့ကြည့်စရာမလိုဘူးပေါ့ ) အရမ်းချစ်တယ် နောက်လည်း ခုလိုပဲအမြဲအလိုလိုက် ပါနော် ဆိုတဲ့စာသားလေး နဲ့အတူ မွေးနေ့ဆုတောင်းပေး ခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဒီနေ့မွေးနေ့လေးကစပြီး ချစ်ရတဲ့မိသားစုလေးနဲ့ အတူ တစ်သက် လုံးပျော်ရွှင်စွာ နေထိုင်နိုင်ပြီး အလုပ်တွေလည်း ဒီထက်မက အဆင်ပြေနိုင် ပါစေလို့ ဆယ်လီကမ္ဘာမှလည်း ဆုတောင်းပေး လိုက်ပါတယ် ကိုပြည့်မောင်ရေ..

Source – Smile စမိုင်းလ်
Rainbow- Cele Gaba r

About the author

Ms Cele

Leave a Comment