Celebrity

စၾကၤာေလးေတြ ခ်ိတ္တာနဲ႔ ပတ္သတ္ၿပီး အထင္အျမင္လြဲေနတဲ့ လူတစ္ခ်ိဳ႕ကို ျပန္လည္ရွင္းျပလာတဲ့ ၿဖိဳးျမတ္ေအာင္

Written by Ms Cele

စၾကၤာေလးေတြ ခ်ိတ္တာနဲ႔ ပတ္သတ္ၿပီး အထင္အျမင္လြဲေနတဲ့ လူတစ္ခ်ိဳ႕ကို ျပန္လည္ရွင္းျပလာတဲ့ ၿဖိဳးျမတ္ေအာင္

ပရိသတ္ႀကီးေရ ေဖေဖာ္ဝါရီလ အစက တည္းက ေျပာင္းလဲခဲ့တဲ့ အေျခအေနေတြမွာ နိုင္ငံ အတြက္ တစ္ေထာင့္ တစ္ေနရာကေန ပါဝင္အား ျဖည့္ေနတဲ့ အႏုပညာရွင္ေတြထဲမွာ အဆိုေတာ္ ၿဖိဳးျမတ္ေအာင္ ကလည္း တစ္ေယာက္အပါအဝင္ပါ။ ျပည္သူေတြနဲ႔ အတူ လူထုလႈပ္ရွားမႈႀကီး မွာ တက္ႂကြစြာ ပါဝင္ေနတဲ့ ၿဖိဳးျမတ္ေအာင္က လိုအပ္တဲ့ေနရာေတြ မွာလည္း သူရဲ့ ေခၽြးနည္းစာထဲကေန အလႉျပဳေလ့ရွိတာကို ေတြ႕ရပါ တယ္။

ဒါ့အျပင္လည္း အားေပးသူ Follower မ်ားတဲ့ သူရဲ့ Facebook Account ထက္မွာလည္း လက္ရွိ အေျခအေနနဲ႔ သက္ဆိုင္တဲ့ postေတြကို အမ်ားျပည္သူသိရေအာင္ ေဝမၽွေလ့ရွိတာပါ။ ဒီကေန ႔မွာေတာ့ ၿဖိဳးျမတ္ေအာင္က သူရဲ့ အိမ္ေရွ႕မွာ စၾကၤာေလးေတြ ခ်ိတ္တာနဲ႔ ပတ္သတ္ၿပီး အထင္အျမင္လြဲေနတဲ့ လူတစ္ခ်ိဳ႕ကို ျပန္လည္ရွင္းျပ လာခဲ့ပါတယ္။

ဒါကေတာ့ ၿဖိဳးျမတ္ေအာင္က လြန္ခဲ့တဲ့ ၂ႏွစ္ကတည္းက သူရဲ့ အိမ္ေရွ႕မွာ စၾကၤာခ်ိတ္ခဲ့တာျဖစ္ၿပီး အျပင္သြားရင္ အႏၲရယ္ကင္းေအာင္ စၾကၤာပန္းေဆာင္ေလ့ရွိတာကိုလည္း ေျပာျပလာခဲ့ပါတယ္။ အခုလို အေျခအေနမ်ိဳးမွာ ေသခ်ာမစုံစမ္းပဲ ထင္ျမင္ရာေျပာေနၾကတဲ့ လူတစ္ ခ်ိဳ႕ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ရတဲ့ ၿဖိဳးျမတ္ေအာင္က ” စၾကၤာခ်ိတ္ထား တိုင္း ဒလန္ မဟုတ္ဘူး ဆိုတာေျပာခ်င္တာပါ ေသခ်ာ တိ တိက်က် စုံစမ္းၿပီးမွ အေၿဖ ထုတ္ၾကပါ ခင္ဗ်ာ အေရး ေတာ္ပုံေအာင္ရမည္ ” ဆိုၿပီး သူရဲ့ ေျဖရွင္းခ်က္အဆုံးမွာ ေရးသားေဝမၽွလာတာ ျဖစ္ လို႔ ပရိသတ္ေတြထံ ျပန္လည္တင္ ဆက္ေပးလိုက္ပါတယ္။

Source & Photo credit – Phyo Myat Aung’s FB account.
Credit

စင်္ကြာလေးတွေ ချိတ်တာနဲ့ ပတ်သတ်ပြီး အထင်အမြင်လွဲနေတဲ့ လူတစ်ချို့ကို ပြန်လည်ရှင်းပြလာတဲ့ ဖြိုးမြတ်အောင်

ပရိသတ်ကြီးရေ ဖေဖော်ဝါရီလ အစက တည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေမှာ နိုင်ငံ အတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်အား ဖြည့်နေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ဖြိုးမြတ်အောင် ကလည်း တစ်ယောက်အပါအဝင်ပါ။ ပြည်သူတွေနဲ့ အတူ လူထုလှုပ်ရှားမှုကြီး မှာ တက်ကြွစွာ ပါဝင်နေတဲ့ ဖြိုးမြတ်အောင်က လိုအပ်တဲ့နေရာတွေ မှာလည်း သူရဲ့ ချွေးနည်းစာထဲကနေ အလှူပြုလေ့ရှိတာကို တွေ့ရပါ တယ်။

ဒါ့အပြင်လည်း အားပေးသူ Follower များတဲ့ သူရဲ့ Facebook Account ထက်မှာလည်း လက်ရှိ အခြေအနေနဲ့ သက်ဆိုင်တဲ့ postတွေကို အများပြည်သူသိရအောင် ဝေမျှလေ့ရှိတာပါ။ ဒီကနေ ့မှာတော့ ဖြိုးမြတ်အောင်က သူရဲ့ အိမ်ရှေ့မှာ စင်္ကြာလေးတွေ ချိတ်တာနဲ့ ပတ်သတ်ပြီး အထင်အမြင်လွဲနေတဲ့ လူတစ်ချို့ကို ပြန်လည်ရှင်းပြ လာခဲ့ပါတယ်။

ဒါကတော့ ဖြိုးမြတ်အောင်က လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သူရဲ့ အိမ်ရှေ့မှာ စင်္ကြာချိတ်ခဲ့တာဖြစ်ပြီး အပြင်သွားရင် အန္တရယ်ကင်းအောင် စင်္ကြာပန်းဆောင်လေ့ရှိတာကိုလည်း ပြောပြလာခဲ့ပါတယ်။ အခုလို အခြေအနေမျိုးမှာ သေချာမစုံစမ်းပဲ ထင်မြင်ရာပြောနေကြတဲ့ လူတစ် ချို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ ဖြိုးမြတ်အောင်က ” စင်္ကြာချိတ်ထား တိုင်း ဒလန် မဟုတ်ဘူး ဆိုတာပြောချင်တာပါ သေချာ တိ တိကျကျ စုံစမ်းပြီးမှ အဖြေ ထုတ်ကြပါ ခင်ဗျာ အရေး တော်ပုံအောင်ရမည် ” ဆိုပြီး သူရဲ့ ဖြေရှင်းချက်အဆုံးမှာ ရေးသားဝေမျှလာတာ ဖြစ် လို့ ပရိသတ်တွေထံ ပြန်လည်တင် ဆက်ပေးလိုက်ပါတယ်။

Source & Photo credit – Phyo Myat Aung’s FB account.
Credit

About the author

Ms Cele

Leave a Comment