Celebrity


Written by Ms Cele





Credit:Cele Gabar

ဆင်အို ကြီး တွေ အတွက် ဆင်စာ ဘူဖေး လှူဒါန်းပေး ခဲ့တဲ့ ယွန်းဝတီလွင်မိုး နဲ့ ယွန်းနန္ဒီလွင်မိုး

တစ်ချိန်တုန်းက အနုပညာ လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ခဲ့တဲ့ လွင်မိုးရဲ့သမီးချောလေးနှစ်ယောက် ကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာ ပါနော်။ သမီးအကြီး ယွန်းဝတီလွင်မိုးကတော့ ဖခင်ရဲ့အနုပညာ အမွေကို ဆက်ခံကာ အနုပညာလှုပ်ရှားမှုတွေနဲ့ ခေးလေး ဆိုပြီးတော့လည်း ပရိသတ်တွေက ချစ်ခင်ခဲ့ရသလို ငယ်ငယ်တုန်းက မိသားစုကြော်ငြာလေး ထဲမှာ ပါဝင်ခဲ့တဲ့ ချစ်စရာ ဒီဒီးလေးကိုလည်း ပရိသတ်တွေအချစ်ပိုခဲ့ရမှာပါ။

ဒီနေ့မှာတော့ ချစ်ရတဲ့သမီးလေးနှစ်ယောက် အတူ လှူဒါန်းထားတဲ့အလှူလေးကို ဖခင်ဖြစ်သူ လွင်မိုးက မျှဝေပေး လာပါတယ်။ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ပုသိမ်- မော်တင် လမ်း မိုင်တိုင်(၂၀) မှာရှိတဲ့ သစ်ကတိုးအိုင် ဆင်စခန်းမှာ ဆင်အိုများ အတွက် ဆင်စာဘူဖေးလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆင်အိုများ အာဟာရပြည့်ဝစေရန်အတွက် အထူးဖြည့်စွက်စာ အနေနဲ့ ဆန်၊ ထန်းညက်၊ ပဲကျက်မှုန့်၊ အုန်းသီးနဲ့ပြုလုပ် ထားတဲ့ အုန်းထမင်း အာဟာရအပြင် ဖရဲသီး၊ နာနတ်သီး၊ ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီးတို့ ပါဝင်တဲ့ ဘူဖေးအာဟာရတစ်ရက်စာ (၈၀၀၀၀) ကျပ်ကို (၂) ရက်စာအတွက် အလှူငွေ တစ်သိန်းခြောက်သောင်း လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို အစစအရာရာခက်ခဲ နေတဲ့အချိန်မှာ အလှူရှင်ရှားပါးနေတဲ့ ဆင်အိုကြီးတွေ အတွက် အခုလို သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းပေးခဲ့တဲ့ ခေးခေးနဲ့ ဒီဒီတို့ရဲ့အလှူလေး ကတော့ တတယ်ကို မွန်မြတ်တဲ့ အလှူလေးပါပဲ ပရိသတ်ကြီးရေ… ဆင်အိုကြီးတွေ အစားအသောက် အလျှံအပယ်စားနိုင်ဖို့ လှူဒါန်းပေးခဲ့တဲ့ ညီမနှစ်ယောက် ရဲ့ အလှူလေး အတွက် ပရိသတ်လည်း သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment