Celebrity


Written by Ms Cele






#Crd

ဆယ်စုနှစ် တိုင်အောင် ချစ်ခဲ့ကြပေမယ့် အိမ်ထောင်ပြုဖို့ လိုပါသေးတယ်လို့ ပြောပြလာတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

နိုင်ငံကျော် အဆိုတော် တွေ ဖြစ်ကြတဲ့ ထက်ထက်နဲ့ လွှမ်းပိုင်တို့် စုံတွဲလေးကတော့ အားလုံးအားကျရတဲ့ idol couple လေးပဲ ဖြစ်ပါ တယ်။ ဝါသနာတူ အကျင့်စရိုက် တူတဲ့ ချစ်သူနှစ်ဦးဖြစ် တာကြောင့် အတွဲညီညီနဲ့ ချစ်စရာကောင်းတဲ့ သူလေးတွေပါနော်။

နှစ်ယောက်စလုံး အနေအေးပြီး လူမှုကွန်ယက် စာမျက်နှာမှာ တစ်ယောက်အကြောင်း တစ်ယောက် ပြောလေ့မရှိတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က ဒီကနေ့ မှာတော့ ထူးဆန်းစွာနဲ့ပဲ ပရိသတ်တွေ သတိမထားမိချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြောင်းပြသ ခဲ့ပါတယ်။

Bobby Soxer က ” Coffee ခါးခါးကြိုက်တဲ့သူပါ” ဆိုတဲ့ ကပ်ပရှင်နဲ့ ဓာတ်ပုံ တင်ခဲ့ပြီး လွှမ်းပိုင်က ” Coffee ခါးတွေကိုမင်းကြိုက်လို့ သောက်ရင်း ကြိုက်သွားတာ☕” ဆိုတဲ့ ကပ်ပရှင်နဲ့ ဓာတ်ပုံတင်ခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း ၁၀ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်တာကြောင့် နှစ်ဦးသားရဲ့ ရွှေလက်တွဲမယ့် အချိန်ကိုလည်း ပရိတ်သတ်တွေက စိတ်ဝင်စား နေခဲ့တာပါ။ ဒါပေမဲ့ ထက်ထက်နဲ့ လွှမ်းပိုင်တို့ကတော့ အိမ်ထောင်ပြုမယ့်အချိန်က လိုသေးတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

#Crd

About the author

Ms Cele

Leave a Comment