Celebrity
Written by Ms Cele
Credit: Cele Zone
Photo – Baby Maung
ဆရာတော်လေး များကို လိုအပ်တဲ့ ဝတ္ထုပစ္စည်းများ ဆက်ကပ်ကာ ကုသိုလ်အလှူတစ်ခု ပြုလုပ်ခဲ့ပြန်တဲ့ ဘေဘီမောင်
ဘေဘီမောင် ကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် အနုပညာလောကမှာ ရပ်တည် ေအာင်မြင်နေတဲ့ မင်းသမီး တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာ အလုပ်အပြင် ကိုယ်ပိုင်ဆိုင် လေးလည်း ဖွင့်ထားကာ မိဘကို ရှာဖွေကျွေးမွေး ပြုစုနေတဲ့ သမီး အလိမ္မာလေး ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစား ချစ်ခင်နေရတာပါ ။မိသားစုကိုလည်း အကောင်းမွန်ဆုံး ထားနိုင်အောင် အလုပ်တွေကြိုးစားသလို အလှူအတန်းဆိုလည်း လက်မနှေးခဲ့သူတစ်ယောက်ပါ ။
ဒါ့အပြင် လတ်တလော နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘေဘီမောင်က ပြည်သူတွေနဲ့ အတူ အပြည့်အဝ ရပ်တည်ခဲ့သူ တစ်ယောက်ပါ ။ မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်အောင်လည်း မြတ်စွာဘုရားထံတွင် မေတ္တာပို့ ဆုတောင်းမှုတွေ ကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ဒီရက်ပိုင်းမှာ ဆိုရင်လည်း တောက်လျှောက် တရားစခန်းဝင်ကာ ကောင်းမှု ကုသိုလ်တွေ များစွာ ပြုလုပ်နေတာလည်းတွေ့ရပါတယ်။
အခုလည်း ဆရာတော်လေး များကို လိုအပ်တဲ့ ဝတ္ထုပစ္စည်းများ ဆက်ကပ်ကာ ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ခဲ့ပါတယ် ။ ဘေဘီမောင် ကတော့ နေ့ရက်တိုင်း မွန်မြတ်တဲ့ အလှူလေးတွေကို ပြုလုပ်လျက်ရှိရာ တကယ်ကို လေးစားစရာကောင်းလွန်း ပါတယ် ။ ပရိသတ်ကြီးအတွက် ဘေဘီမောင်ရဲ့ အလှူပုံလေးတွေကို ​ဝေမျှပေးရင်း ဒီထက်မက လှူဒါန်းနိုငိပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Credit: Cele Zone
Photo – Baby Maung
About the author
Ms Cele
Leave a Comment