Celebrity

ဆိုင္ကယ္ကို စစ္ေဆးရန္တားဆီးရာတြင္ မရပ္ေပးသျဖင့္ စစ္ကားျဖင့္လိုက္တိုက္ေသာေၾကာင့္ ေသဆံုးခဲ့ရတဲ့ ေမာ္ဒယ္ထက္ေအာင္

Written by Ms Cele

ဆိုင္ကယ္ကို စစ္ေဆးရန္တားဆီးရာတြင္ မရပ္ေပးသျဖင့္ စစ္ကားျဖင့္လိုက္တိုက္ေသာေၾကာင့္ ေသဆံုးခဲ့ရတဲ့ ေမာ္ဒယ္ထက္ေအာင္

ေမ 28ရက္ မေန႔ည ၉နာရီဝန္းက်င္မွာ ဆိုင္ကယ္စီး လာတဲ့ေကာင္ေလး တစ္ေယာက္ကို စစ္ေဆးရန္ တားဆီးရာမွ ရပ္မေပး သျဖင့္ ကားျဖင့္ လိုက္တိုက္ရာမွ အရွိန္ျပင္းထန္တာေၾကာင့္ ဆိုင္ကယ္ သမားေကာင္ေလး ေသးဆုံးခဲ့ရပါတယ္။ထိုအျဖစ္အပ်က္ကေတာ့ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ေသဆုံးသူ ေကာင္ေလးမွာ အသက္၂၀ ဝန္းက်င္ခန္႔တာ ရွိပါေသးတယ္။

ဆုံးပါးသြားခဲ့ရတဲ့ ေကာင္ေလး ကေတာ့ Stars & Models Int’l Yangon သင္တန္းဆင္း ေမာ္ဒယ္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ၿပီး Mister Global Teen Myanmar 2017 Winner ႏွင့္ Prince & Princess International Myanmar 2017 Winner ဆုရရွိထားသူျဖစ္ေၾကာင္း သိရွိရသည္။ကိုထက္ေအာင္၏ နာေရး အသုဘကို ေမ ၃၀ ရက္ေန႔ ထိန္ပင္သုသာန္တြင္ သၿဂိဳလ္မည္ျဖစ္ေၾကာင္း၊ အေလာင္းမွာ အင္းစိန္ေဆး႐ုံႀကီး ေရခဲတိုက္တြင္ ရွိေနေၾကာင္း မိသားစုထံမွ သိရွိရပါတယ္။

” အျပစ္မဲ့တဲ့ျပည္သူေတြ အသက္ကို ရက္ရက္စက္စက္ သတ္ၾကတယ္။ နင့္တို႔အေနနဲ႔ဟာ ဒီအသက္၂၀ ေက်ာ္ေကာင္ေလးကို ဘယ္လိုပဲ ဖမ္းဖမ္း အရွင္ဖမ္းလို႔ရပါတယ္။ မေသမခ်င္း ကားနဲ႔တိုက္သတ္ဖို႔ မလိုပါဘူး။ အျပစ္ရွိတဲ့သူ မဟုတ္တာ လုပ္တတ္သူ ဆိုလည္း ထားပါေတာ့။ အေၾကာင္းမဲ့မဲ သက္သက္ႀကီး သတ္ရတယ္လို႔ဟာ ငါ့တို႔ေရွ႕ဆက္ၿပီး ဒီနိုင္ငံမွာ ဘယ္လိုေနရမလဲ အျပင္ကိုေရာ အလုပ္ေတြ ဘယ္လိုထြက္လုပ္ရမလဲ” ေသဆုံးခဲ့ရတဲ့ ေကာင္ေလးျဖစ္သူႏွင့္ ေဆြးမ်ိဳးေတာ္စပ္သူလို႔ ယူဆရတဲ့ အမ်ိဳးသမီငယ္တစ္ဦးက ထိုကိစၥနဲ႔ပက္သက္ၿပီး ယခုလိုေရးသား​ေျပာၾကားလာခဲ့ပါတယ္။

Credit:YaungChi , Credit to Photos and Original Uploader

ဆိုင်ကယ်ကို စစ်ဆေးရန်တားဆီးရာတွင် မရပ်ပေးသဖြင့် စစ်ကားဖြင့်လိုက်တိုက်သောကြောင့် သေဆုံးခဲ့ရတဲ့ မော်ဒယ်ထက်အောင်

မေ 28ရက် မနေ့ည ၉နာရီဝန်းကျင်မှာ ဆိုင်ကယ်စီး လာတဲ့ကောင်လေး တစ်ယောက်ကို စစ်ဆေးရန် တားဆီးရာမှ ရပ်မပေး သဖြင့် ကားဖြင့် လိုက်တိုက်ရာမှ အရှိန်ပြင်းထန်တာကြောင့် ဆိုင်ကယ် သမားကောင်လေး သေးဆုံးခဲ့ရပါတယ်။ထိုအဖြစ်အပျက်ကတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး သေဆုံးသူ ကောင်လေးမှာ အသက်၂၀ ဝန်းကျင်ခန့်တာ ရှိပါသေးတယ်။

ဆုံးပါးသွားခဲ့ရတဲ့ ကောင်လေး ကတော့ Stars & Models Int’l Yangon သင်တန်းဆင်း မော်ဒယ်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး Mister Global Teen Myanmar 2017 Winner နှင့် Prince & Princess International Myanmar 2017 Winner ဆုရရှိထားသူဖြစ်ကြောင်း သိရှိရသည်။ကိုထက်အောင်၏ နာရေး အသုဘကို မေ ၃၀ ရက်နေ့ ထိန်ပင်သုသာန်တွင် သဂြိုလ်မည်ဖြစ်ကြောင်း၊ အလောင်းမှာ အင်းစိန်ဆေးရုံကြီး ရေခဲတိုက်တွင် ရှိနေကြောင်း မိသားစုထံမှ သိရှိရပါတယ်။

” အပြစ်မဲ့တဲ့ပြည်သူတွေ အသက်ကို ရက်ရက်စက်စက် သတ်ကြတယ်။ နင့်တို့အနေနဲ့ဟာ ဒီအသက်၂၀ ကျော်ကောင်လေးကို ဘယ်လိုပဲ ဖမ်းဖမ်း အရှင်ဖမ်းလို့ရပါတယ်။ မသေမချင်း ကားနဲ့တိုက်သတ်ဖို့ မလိုပါဘူး။ အပြစ်ရှိတဲ့သူ မဟုတ်တာ လုပ်တတ်သူ ဆိုလည်း ထားပါတော့။ အကြောင်းမဲ့မဲ သက်သက်ကြီး သတ်ရတယ်လို့ဟာ ငါ့တို့ရှေ့ဆက်ပြီး ဒီနိုင်ငံမှာ ဘယ်လိုနေရမလဲ အပြင်ကိုရော အလုပ်တွေ ဘယ်လိုထွက်လုပ်ရမလဲ” သေဆုံးခဲ့ရတဲ့ ကောင်လေးဖြစ်သူနှင့် ဆွေးမျိုးတော်စပ်သူလို့ ယူဆရတဲ့ အမျိုးသမီငယ်တစ်ဦးက ထိုကိစ္စနဲ့ပက်သက်ပြီး ယခုလိုရေးသား​ပြောကြားလာခဲ့ပါတယ်။

Credit:YaungChi , Credit to Photos and Original Uploader

About the author

Ms Cele

Leave a Comment