Celebrity

ဆုပန္ထြာ ရဲ႕ေမြးေန႔ ေလး အတြက္ Surprise လုပ္ေပး ခဲ့ၾက တဲ့ ကိုဥကၠာေက်ာ္ တို႔ သား အဖ

Written by Ms Cele

ဆုပန္ထြာ ရဲ႕ေမြးေန႔ ေလး အတြက္ Surprise လုပ္ေပး ခဲ့ၾက တဲ့ ကိုဥကၠာေက်ာ္ တို႔ သား အဖ

ပရိသတ္ ႀကီးေရ ဒီေန႔ေအာက္တိုဘာလ(၂၁) ရက္ေန႔ေလး ကေတာ့ ပရိသတ္ရဲ႕အခ်စ္ေတာ္ ဆုပန္ထြာရဲ႕ေမြးေန႔ရက္ျမတ္ေလးပါ။ ဆုပန္ထြာကေတာ့ အိမ္ေထာင္က်ၿပီး ကတည္းက အႏုပညာ အလုပ္ေတြရပ္နားကာ ေအးခ်မ္းတဲ့ မိသားစုဘဝေလးကိုပဲ အခ်ိန္ေပး တည္ေဆာက္ေနသူပါ။ သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာ မွာေတာ့ ပရိသတ္ႀကီးအတြက္ ကုသိုလ္ေရး အလုပ္ေတြကိုသာ အမ်ားဆုံးမွ်ေဝ လ်က္ရွိၿပီး ဘာသာတရား ႐ိုေသ ကိုင္းရႈိင္းသူတစ္ေယာက္လို႔ ဆိုရမွာပါ။

ဒီေန႔သူ႔ရဲ႕ေမြးေန႔ မွာေတာ့ ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္နဲ႔ သားေလး Roar Roar တို႔ကေတာ့ ည(၁၂)မွာ Surprise ေမြးေန႔ကိတ္ေလးနဲ႔အတူ ေမြးေန႔ဆုေတာင္း ေပးဖို႔ ျပင္ဆင္ခဲ့ၾကပါတယ္။ ေမေမဆုပန္ထြာ ဘုရားရွိခိုးဝတ္ျပဳၿပီး ဆင္းအလာမွာေတာ့ ေမြးေန႔ကိတ္ေလးနဲ ႔အတူ ေပ်ာ္စရာေမြးေန႔ရက္ ေလးကို အစျပဳေပးရင္း ပရိသတ္ႀကီးကိုပါ Live လႊင့္ မွ်ေဝခဲ့ပါတယ္။

ဆုပန္ထြာကေတာ့ သူ႔ရဲ႕ေမြးေန႔ဆုေတာင္းေလး အေနနဲ႔ စိတ္ခ်မ္းသာ ေနရရင္ ဘဝတစ္ခုလုံး အားလုံးၿပီးျပည့္စုံ ပါၿပီ.. စိတ္ခ်မ္းသာ မႈတစ္ခုေလးပဲ.. ဘဝမွာ စိတ္ခ်မ္းသာစြာ ေနရပါေစ ဆိုတဲ့ ဆုေလးတစ္ခု ေတာင္းခဲ့ပါတယ္။ ဘာသာတရား႐ိုေသ ကိုင္းရႈိင္းၿပီး ဘဝကိုေကာင္းမႈကုသိုလ္ေတြ လုပ္ရင္း ျဖတ္သန္းေနတဲ့ မပန္လည္း ကိုယ္ျဖစ္ခ် င္တဲ့ဆႏၵေလး အတိုင္း မိသားစုနဲ႔အတူ တစ္သက္လုံး စိတ္ခ်မ္းသာစြာ ေနထိုင္သြားႏိုင္ပါေစလို႔ ဆယ္လီကမာၻမွ ဆုေတာင္းေပးလိုက္ ပါတယ္ေနာ္။

Source – Okka Kyaw
Rainbow- Cele Gabar

ဆုပန်ထွာ ရဲ့မွေးနေ့ လေး အတွက် Surprise လုပ်ပေး ခဲ့ကြ တဲ့ ကိုဥက္ကာကျော် တို့ သား အဖ

ပရိသတ် ကြီးရေ ဒီနေ့အောက်တိုဘာလ(၂၁) ရက်နေ့လေး ကတော့ ပရိသတ်ရဲ့အချစ်တော် ဆုပန်ထွာရဲ့မွေးနေ့ရက်မြတ်လေးပါ။ ဆုပန်ထွာကတော့ အိမ်ထောင်ကျပြီး ကတည်းက အနုပညာ အလုပ်တွေရပ်နားကာ အေးချမ်းတဲ့ မိသားစုဘဝလေးကိုပဲ အချိန်ပေး တည်ဆောက်နေသူပါ။ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ မှာတော့ ပရိသတ်ကြီးအတွက် ကုသိုလ်ရေး အလုပ်တွေကိုသာ အများဆုံးမျှဝေ လျက်ရှိပြီး ဘာသာတရား ရိုသေ ကိုင်းရှိုင်းသူတစ်ယောက်လို့ ဆိုရမှာပါ။

ဒီနေ့သူ့ရဲ့မွေးနေ့ မှာတော့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့ သားလေး Roar Roar တို့ကတော့ ည(၁၂)မှာ Surprise မွေးနေ့ကိတ်လေးနဲ့အတူ မွေးနေ့ဆုတောင်း ပေးဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ မေမေဆုပန်ထွာ ဘုရားရှိခိုးဝတ်ပြုပြီး ဆင်းအလာမှာတော့ မွေးနေ့ကိတ်လေးနဲ ့အတူ ပျော်စရာမွေးနေ့ရက် လေးကို အစပြုပေးရင်း ပရိသတ်ကြီးကိုပါ Live လွှင့် မျှဝေခဲ့ပါတယ်။

ဆုပန်ထွာကတော့ သူ့ရဲ့မွေးနေ့ဆုတောင်းလေး အနေနဲ့ စိတ်ချမ်းသာ နေရရင် ဘဝတစ်ခုလုံး အားလုံးပြီးပြည့်စုံ ပါပြီ.. စိတ်ချမ်းသာ မှုတစ်ခုလေးပဲ.. ဘဝမှာ စိတ်ချမ်းသာစွာ နေရပါစေ ဆိုတဲ့ ဆုလေးတစ်ခု တောင်းခဲ့ပါတယ်။ ဘာသာတရားရိုသေ ကိုင်းရှိုင်းပြီး ဘဝကိုကောင်းမှုကုသိုလ်တွေ လုပ်ရင်း ဖြတ်သန်းနေတဲ့ မပန်လည်း ကိုယ်ဖြစ်ချ င်တဲ့ဆန္ဒလေး အတိုင်း မိသားစုနဲ့အတူ တစ်သက်လုံး စိတ်ချမ်းသာစွာ နေထိုင်သွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source – Okka Kyaw
Rainbow- Cele Gabar

About the author

Ms Cele

Leave a Comment