Celebrity


Written by Ms Cele





Credit:Swelsone News

ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ်လေးနဲ ့ တစ်ပတ်လှည့်ပြီး လမ်းလျှောက် ပြလိုက်တဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယို

မင်းသမီးချောလေး ခေးဆက်သွင် ကတော့ ဟန်ဆောင်မှု ကင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲမှာ စွဲစွဲမြဲမြဲနေရာယူထား သူလေး ဖြစ်ပါတယ် ။ ခေးဆက်သွင်က ချောမောတဲ့ ရုပ်ရည်လေးနဲ့အတူ သွယ်လျလှပတဲ့ ခန္ဓာကိုယ် အချိုးအစားကိုပါ ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတစ်ဦး ဆိုရင်လည်း မမှားပါဘူးနော် ။ ဇာတ်လမ်းတွဲတွေ အပြင် ဇာတ်ကားတွေပါ ရိုက်ကူးခဲ့တဲ့ ခေးဆက်သွင်က လက်ရှိမှာတော့ အောင်မြင်မှုတွေ ရရှိနေပြီ ဖြစ်ပါတယ် ။

ပရိသတ် အချစ်တော်လေး ခေးဆက်သွင် က ဘဝကို ပျော်ပျော်နေပြီး လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်း နေတာကြောင့် သူမရဲ့ပုံစံက အမြဲတမ်းလန်းဆန်း တက်ကြွနေတာ ဖြစ်ပါတယ် ။ ခေးဆက်သွင် က Tik Tok ကစားရတာကို ဝါသနာပါပြီး အမြဲလိုလို အပျော်တမ်း ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ခေးဆက်သွင်က စိုင်းစိုင်းရဲ့နာမည်ကြီး သီချင်းတစ်ပုဒ်နဲ့ အမိုက်စား Tik Tok ဆော့ပြလိုက် တာပဲ ဖြစ်ပါတယ် ။

ခေးဆက်သွင်က ကြွကြွရွရွ ပုံစံလေးနဲ့ တစ်လှမ်းချင်း လျှောက်လာပြီးနောက်မှာ သူမရဲ့အမိုက်စား ခန္ဓာကိုယ်လေးကို တစ်ပတ်လှည့်ပြ လိုက်တာပဲ ဖြစ်ပါတယ် ။ ဖြောင့်စင်းသွယ်လျတဲ့ ခြေတံလေးကို ပိုင်ဆိုင်ထားတဲ့ ခေးဆက်သွင်ကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရား တွေပေါ်လွင်ပြီး အရမ်း မိမိုက်နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် မင်းသမီးချောလေး ခေးဆက်သွင်ရဲ့Tik Tok ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေး လိုက်ပါ တယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment