Celebrity


Written by Ms Cele






ဆွဲဆောင် မှု ပြင်းထန် တဲ့ ခန္ဓာကိုယ် မိုက်မိုက်လေး နဲ့ ထိထိ မိမိ လှနေ တဲ့ အိချောပို

ပရိသတ်ကြီးရေ…..အနုပညာပျိုးခင်း ကနေ မြေတောင်မြှောက်ပေး လိုက် ပြီး အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးများထဲတွင် အိချောပို တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်နော်။သူမဟာ ဗီဒီယိုဇာတ်ကား ပေါင်းများစွာကိုလည်း အောင်မြင်အောင်ရိုက်ကူးထားခဲ့ သူလေးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင် တာကြောင့် ရုပ်ရှင်ကားကြီးတွေ အထိပါ ရိုက်ကူး အောင်မြင် လာတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။

အိချောပိုပါဝင်သရုပ်ဆောင် ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေဟာ ဆိုရင်လည်း ပရိတ်သတ် အားပေးမှု အပြည့်အဝ ရရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ကားကောင်းတွေပဲ ဖြစ်ပါတယ်နော်။ ဒါ့ပြင်အိချောပိုဟာ နာမည်နဲ့ လိုက်အောင်ကို တစ်နေ့တခြား ပိုပြီးချောမောလှပ နေတာဖြစ်ပြီး သူမရဲ့ကိုယ်လုံးလေး ဟာ ဆိုရင်လည်း လုံးဝအမိုက်စားလေးပါနော်…….။

အိချောပိုဟာ မကြာခဏ‌ဆိုသလို သူမရဲ့ အမိုက်စား ဘော်ဒီလေးကို ထင်ဟပ်စေတဲ့ အဝတ်အစားလေးတွေကို ရွေးချယ်ဝတ်လေ့ရှိ သူပါ။ အခုဆိုရင်လည်း အိချောပိုဟာ သူမရဲ့ Facebookစာမျက်နှာ မှာ ဆွဲဆောင်မှုပြင်းထန်တဲ့ ခန္ဓာကိုယ်မိုက်မိုက်လေးနဲ့ ထိထိမိမိလှနေတဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Ei Chaw Po’s Facebook acc

About the author

Ms Cele

Leave a Comment