Celebrity
Written by Ms Cele
Source : Chue Lay
Credit:Cele World
ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို ကြာဇံကြော်တွေဝေရင်း အလှူတွေ ဆက်တိုက်လုပ်သွားမယ်ဆိုတဲ့ ခြူးလေး
ခြူးလေးဆိုသူ ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေ လူသိများလာပြီး ပရိသတ်ကြားမှာ အောင်မြင်မှုရရှိလာသူ ဖြစ်ပါတယ်။ ခြူးလေးက လူငယ်ကြားမှာ ရေပန်းစားနေတဲ့ တစ်တော့များ ကိုလည်း ဆော့တတ်ပြီး ပရိသတ်များဆီကို ချပြလေ့ရှိသောကြောင့် ခြူးလေးကိုချစ်တဲ့ ပရိသတ်များလည်း သူမရဲ့ တစ်တော့တွေမှာ တွဲပြီးဆော့ပေးထားကြပါသေးတယ်။ ဒါ့အပြင် ခြူးလေးက မကြာသေးမှီကာလကလည်း ချစ်သူနဲ့ လမ်းခွဲပြတ်ဆဲထားတာကြောင့် သူမကိုယ်သူမ သတ်သေမယ်ဆိုပြီးလည်း သတင်းထွက်လာတာကြောင့် ဝေဖန်မှုခံခဲ့ရသူ ဖြစ်ပါတယ်။
ပြည်သူရွေးချယ် ထားတဲ့ အစိုးရကို စစ်တပ်က မတရား ဖမ်းဆီးပြီး အာဏာသိမ်းထား တာကြောင့် ခုတစ်လော ဖြစ်နေတဲ့ မြန်မာနိုင်ငံရေးနဲ့ ပက်သက်ပြီး အနုပညာရှင် များစွာက ပြည်သူနဲ့အတူ ရင်ဘတ်ချင်းထပ်တူကျ ခဲ့တာကြောင့် ပြည်သူများလည်း အားအင်ရှိခဲ့ပြီး အတူဝန်းရံလာတဲ့ အနုပညာရှင်များကို ကျေးဇူးတင် စကားတွေ ရေးသားထားခဲ့ကြပါတယ်။ အဲဒီအထဲကမှ ခြူးလေး ကတော့ စစ်အာဏာရှင်ကို ဖြုတ်ချရေး ကြိုးစားနေသူများကို လက်အညောင်းခံပြီး အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုပြီး
ပြည်သူများကို ဝေဖန်တိုက်ခိုက် ခဲ့ပါသေးတယ်။ စစ်အာဏာရှင်ကို အားပေးထောက်ခံတဲ့ ခြူးလေးကတော့ ဒီနေ့မှာဘဲ ရန်ကုန်၊ မြကျွန်းသာ အနီးမှာ ဆန္ဒ ထုတ်ဖော်နေကြတဲ့ ပြည်သူများကို ကြာဇံကြော်၊ ဆီချက်ခေါက်ဆွဲ နှင့် ရေသန့်ဘူးများ လှူဒါန်းခဲ့ပါတယ်။ခြူးလေးကိုချစ်တဲ့ ပရိသတ်ကြီးလည်း ခြူးလေးရဲ့ အလှူအတွက် တစ်ခုခုလေး ရေးပေးသွားပါအုံးနော်..။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိ်ပါတယ်။
Source : Chue Lay
Credit:Cele World
About the author
Ms Cele
Leave a Comment