Celebrity


Written by Ms Cele





Credit:CELELUCKY

ဇနီးဖြစ်သူက မွေးဖို့ due dateရက် မပြည့်သေးပဲ ဗိုက်နာလာလို့ ဆေးရုံရောက်နေကြောင်းကို စိုးရိမ်စွာနဲ့ပြောပြလာတဲ့ စည်ဖြိုး

ပရိသတ်ကြီးရေ စည်ဖြိုးရဲ့ ဇနီး မော်ဒယ် ခင်လွှမ်းကတော့ မကြာခင်မှာ မိခင် ဖြစ်တော့မှာ ပါနော်။ သူတို့နှစ်ယောက် ဟာ မင်္ဂလာမဆောင်ခင် ကတည်းပ ကိုယ်ဝန်ရခဲ့တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ကြရတာပါနော်။ကလေးမွေးခါနီးဖြစ်တဲ့အတွက် စည်ဖြိုးကလည်း မိန်းမဖြစ်သူကို မျက်ခြေမပြတ် စောင့်ရှောက်နေတာ ဖြစ်ပါတယ်နော်။

မနေ့ညက မိန်းမဖြစ်သူ ခင်လွှမ်း ရုတ်တရတ် ဗိုက်နာလာ တာကြောင့် ဆေးရုံသို့ တင်ခဲ့တာကို စည်ဖြိုးရဲ့ Facebook လူမှုကွန်ယက် တွင် တင်ထားတာပါနော်။ ” Mask ချွတ်တာမသိအိပ်ပျော်သွားတဲ့ Sleeping Pregnancy မွေးချင်သလိုဗိုက်နာလာလို့ ဆေးရုံပြေးရတာတော်သေးတယ်မမွေးလို့မွေးရက်due date မစေ့ဘဲ မွေးလာပြီးမကျန်းမမာဖြစ်မှာလည်းစိုးရ..

ဆရာမ ကတော့ မမွေးခင်အဲ့လိုပဲ သုံးလေးခါဖြစ်တတ် တယ်တဲ့..သားအိမ်ခိုင်ဆေး နဲ့ ကလေးအဆုတ် အားကောင်းဆေး ၁၂နာရီ တစ်ခါ နှစ်ကြိမ် ဘယ်ညာထိုးပြီး မစိုးရိမ်ရတော့ ပါဘူးဆိုမှ စိတ်အေးရတယ်..သမီးလေး သက်မှတ်ထားတဲ့ due date ရက်အတိုင်းပဲ..လောကကြီးထဲ ကျန်းကျန်းမာမာ ဝင်လာနိုင်ပါစေ… 🙏🙏🙏” လို့ ဆုတောင်းနေတာပါနော်။ ခင်လွှမ်းကတော့ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာတောင် လှပနေဆဲပါပဲနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment