Celebrity

ဇနီးျဖစ္သူရဲ႕ ဗိုက္ထဲက ရင္ေသြးေလးက ေယာက္်ားေလးလား မိန္းကေလးလားဆိုတာ ပရိသတ္ႀကီးကို ေျပာျပလိုက္တဲ့ စည္ၿဖိဳး

Written by Ms Cele

ဇနီးျဖစ္သူရဲ႕ ဗိုက္ထဲက ရင္ေသြးေလးက ေယာက္်ားေလးလား မိန္းကေလးလားဆိုတာ ပရိသတ္ႀကီးကို ေျပာျပလိုက္တဲ့ စည္ၿဖိဳး

သ႐ုပ္ေဆာင္ စည္ၿဖိဳးကေတာ့ ၿပီးခဲ့တဲ့ နိုဝင္ဘာလ အတြင္းကပဲ သူအရမ္း ခ်စ္တဲ့ ခ်စ္သူေလး သ႐ုပ္ေဆာင္ ခင္လႊမ္းနဲ႔ ေရႊလက္တြဲ လက္ထပ္ခဲ့ၿပီပဲ ျဖစ္ပါတယ္။

စည္ၿဖိဳးက အခုဆိုရင္ အိမ္ေထာင္သည္ တစ္ေယာက္လည္းျဖစ္သြားသလို ကေလးေဖေဖေလာင္း တစ္ေယာက္လည္း ျဖစ္ေနၿပီမို႔ အရင္က ထက္ပိုၿပီး အလုပ္ေတြႀကိဳးစား လုပ္ကိုင္ေနသလို မိသားစု အတြက္ တာဝန္ေက်တဲ့ ဖခင္ေကာင္း တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနလ်က္ ရွိပါတယ္။ စည္ၿဖိဳးနဲ႔ ခင္လႊမ္းကေတာ့ သူတို႔ရဲ့ ပထမဦးဆုံး ရင္ေသြးေလးကို ပိုင္ဆိုင္ဖို႔ ေမၽွာ္တလင့္လင့္ရွိ ေနၾကတာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ခင္လႊမ္းရဲ့ ကိုယ္ဝန္ကလည္း ရက္သတၱပတ္ အေတာ္ရွိခဲ့ၿပီျဖစ္သလို သားေလးလား သမီးေလးလား ဆိုတာကိုလည္း သိရွိရၿပီးၿပီ ျဖစ္ပါတယ္။

စည္ၿဖိဳးကေတာ့ သူ႔ရဲ့ ခ်စ္ဇနီး ဗိုက္ထဲက ရင္ေသြးေလးက သမီးမိန္းကေလး ျဖစ္ေၾကာင္းကို မိန္းကေလးဝတ္ဂါဝန္ ပိစိေလးေတြကိုရွာရင္း “ဘယ္လိုပုံစံေလးေတြ ဝယ္ေပးရင္ေကာင္းမ လည္း စဥ္းစားေနမိ ဟိဟိ.. Hello Santa !!.. The Princess is Coming … .. .” ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာကေန ပရိသတ္ေတြကို ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

စည္ၿဖိဳးကေတာ့ ညီအစ္ကို ႏွစ္ေယာက္တည္း ႀကီးျပင္းလာခဲ့ရသူပီပီ ပထမဦးဆုံး ရင္ေသြးေလးက သမီးမိန္းကေလးျဖစ္ ေနတာေၾကာင့္ ေတာ္ေတာ္ေလး စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနတာပဲ ျဖစ္ပါတယ္။ ခင္လႊမ္းလည္း သမီးေလးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ က်န္းမာစြာ ေမြးဖြားနိုင္ ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit Cele Connections

ဇနီးဖြစ်သူရဲ့ ဗိုက်ထဲက ရင်သွေးလေးက ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ပရိသတ်ကြီးကို ပြောပြလိုက်တဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကပဲ သူအရမ်း ချစ်တဲ့ ချစ်သူလေး သရုပ်ဆောင် ခင်လွှမ်းနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။

စည်ဖြိုးက အခုဆိုရင် အိမ်ထောင်သည် တစ်ယောက်လည်းဖြစ်သွားသလို ကလေးဖေဖေလောင်း တစ်ယောက်လည်း ဖြစ်နေပြီမို့ အရင်က ထက်ပိုပြီး အလုပ်တွေကြိုးစား လုပ်ကိုင်နေသလို မိသားစု အတွက် တာဝန်ကျေတဲ့ ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေလျက် ရှိပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းကတော့ သူတို့ရဲ့ ပထမဦးဆုံး ရင်သွေးလေးကို ပိုင်ဆိုင်ဖို့ မျှော်တလင့်လင့်ရှိ နေကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ခင်လွှမ်းရဲ့ ကိုယ်ဝန်ကလည်း ရက်သတ္တပတ် အတော်ရှိခဲ့ပြီဖြစ်သလို သားလေးလား သမီးလေးလား ဆိုတာကိုလည်း သိရှိရပြီးပြီ ဖြစ်ပါတယ်။

စည်ဖြိုးကတော့ သူ့ရဲ့ ချစ်ဇနီး ဗိုက်ထဲက ရင်သွေးလေးက သမီးမိန်းကလေး ဖြစ်ကြောင်းကို မိန်းကလေးဝတ်ဂါဝန် ပိစိလေးတွေကိုရှာရင်း “ဘယ်လိုပုံစံလေးတွေ ဝယ်ပေးရင်ကောင်းမ လည်း စဉ်းစားနေမိ ဟိဟိ.. Hello Santa !!.. The Princess is Coming … .. .” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ပရိသတ်တွေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

စည်ဖြိုးကတော့ ညီအစ်ကို နှစ်ယောက်တည်း ကြီးပြင်းလာခဲ့ရသူပီပီ ပထမဦးဆုံး ရင်သွေးလေးက သမီးမိန်းကလေးဖြစ် နေတာကြောင့် တော်တော်လေး စိတ်လှုပ်ရှား ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းလည်း သမီးလေးကို အောင်အောင်မြင်မြင်နဲ့ ကျန်းမာစွာ မွေးဖွားနိုင် ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit Cele Connections

About the author

Ms Cele

Leave a Comment