Celebrity
Written by Ms Cele
Credit:CELELUCKY
ဇနီးဖြစ်သူရှာသမျှပိုက်ဆံတွေကို သူ့ကိုအပ်ထားရကြောင်း ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ဇေသီဟ
ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင် ကိုတော့ လွန်ခဲ့တဲ့ သုံးလလောက် က ပျောက်နေပြီး ဒူးရင်းသီး ရာသီရောက်မှ ပြန်ပေါ်လာတဲ့ အတွက် ပရိသတ်တွေရဲ့ မေတ္တာပို့သခြင်းတွေ ခံနေရတာပါနော်။ ဘယ်လိုတွေ ပြောကြပါစေ နန္ဒာလှိုင်ကတော့ ဂရုမစိုက်ဘဲ ဈေးဆက်ရောင်းနေဆဲ ဖြစ်ပါတယ်နော်။ ပရိသတ်တွေ ကျွေးတဲ့ ထမင်းကိုစားပြီး အခုလိုစော်ကားနေတာကတော့ တော်တော်ကို လွန်တာပါနော်။
နန္ဒာလှိုင်ရဲ့ ခင်ပွန်း ဇေသီဟ ကလည်း စီးပွားရေးသမားပီပီ ဇနီးရှာဖွေတာ တွေကို သိမ်းဆည်းပေးနေတာ ပါတဲ့နော်။ပြည်သူတွေ ခက်ခဲနေကြချိန်မှာ ငွေကြေးတွေ ချေးပေးနေတယ်ဆိုပြီးတော့လည်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်နော်။ နန္ဒာရှာထားတဲ့ ပိုက်ဆံတွေကိုလည်း သူ့ရဲ့ ဘဏ်မှာ အပ်ခိုင်းထားတာ ဖြစ်ပါတယ်နော်။
” အိမ်ထောင် တစ်ခုမှာ ယောကျင်္ား ရှာသမျှ ပိုက်ဆံကို မိန်းမဆီ အပ်ကြရတာ ထုံးစံလိုပါပဲ။ အိမ်မှာတော့ အဲ့ဒီအစဉ်အလာကို လုံးဝ မလုပ်ဘူး။ နန္ဒာ ရှာသမျှ ၊ စုထားသမျှ ပိုက်ဆံကို ကိုယ့်ဆီမှာပဲ အပ်ရတယ်။ ငွေလိုချင်ရင်အတိုင်းအတာနဲ့ပဲ ခွင့်ပြုပေးတယ်။ ဇေသီဟ က မိန်းမကို အဲ့လိုပိုင်တာ။SME-Development Bank မှာ နန္ဒာ့ငွေတွေ လာအပ်ထားလို့ ခုချိန်မှာ ဒီလို ပြောလို့ရတုန်းလေး အမှတ်တရ။ ” လို့ရေးသားထားပါတယ်နော်။
Credit:CELELUCKY
About the author
Ms Cele
Leave a Comment