Celebrity

ဇနီးျဖစ္သူ ခင္လႊမ္းက မိဘမဲ့ ျဖစ္တယ္လို႔ ေ၀ဖန္ေနသူေတြကို တုံ႔ျပန္ေျဖရွင္းလာတဲ့ စည္ၿဖိဳး

Written by Ms Cele

ဇနီးျဖစ္သူ ခင္လႊမ္းက မိဘမဲ့ ျဖစ္တယ္လို႔ ေ၀ဖန္ေနသူေတြကို တုံ႔ျပန္ေျဖရွင္းလာတဲ့ စည္ၿဖိဳး

သ႐ုပ္ေဆာင္ စည္ၿဖိဳးနဲ ခင္လႊမ္း တို႔ကေတာ့ စိတ္တူ ကိုယ္တူ နဲ႔ ဝါသနာပါ ထပ္တူက်တဲ့ ခ်စ္သူစုံတြဲ ေလးျဖစ္တာေၾကာင့္ ေရွ႕သြားေနာက္လိုက္ ညီတယ္လို႔ ပရိသတ္ေတြ က မွတ္ခ်က္ေပးျခင္းခံခဲ့ရ တာပဲ ျဖစ္ပါတယ္။ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို ႔ကေတာ့ ခ်စ္သူဘ ဝမွာပဲ ရင္ေသြးေလး ကို ရရွိခဲ့တာမို႔ အခုဆိုရင္ ႏွစ္ဖက္မိဘသေဘာတူၾကည္ျဖဴ စြာနဲ႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၅) ရက္ေန႔မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုး ပြဲေလးကို က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ၾကင္စဦးဇနီးေမာင္ႏွံျဖစ္လို႔ေနၿပီျဖစ္တဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို ႔ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမၾကင္နာစြာနဲ႔ ဂ႐ုတစိုက္ရွိၾကတာပဲ ျဖစ္ပါတယ္။

ယခုလည္း စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို႔ရဲ့မဂၤလာေမာ္ကြ န္းတင္ လက္မွတ္ေရး ထိုးပြဲမွာ ခင္လႊမ္းရဲ့မိဘေတြလာတာ ကို မေတြ႕တာေၾကာင့္ ခင္လႊမ္းမွာမိဘမရွိတဲ့ မိဘမဲ့တစ္ေယာက္ပါလို႔ ေဝဖန္ေျပာဆိုေနၾကျခင္းကို ခံေနရပါတယ္။ ယခုလိုေဝဖန္ေျပာဆိုမႈနဲ႔ ပတ္သက္ ၿပီး စည္ၿဖိဳးက သူ႔ရဲ့လူမႈကြန္ယက္ စာမ်က္ႏွာမွာ တုံ႔ျပန္ေျဖရွင္းထား ပါတယ္ေနာ္။

စည္ၿဖိဳးက “မဗိုက္ဟာ မိဘမဲ့ မဟုတ္ပါ … 🙏🏻 ❤️ ✌🏻”လို႔ဆိုၿပီး ခင္လႊမ္းရဲ့မိဘေတြကို သိသူတစ္ေယာက္က ေရးသား ထားတဲ့ ေကာမန႔္တစ္ခုကိုျပသကာ ေျဖရွင္းထားတာ ကိုေတြ႕ရပါတယ္။ဇနီးျဖစ္သူရဲ့မိဘေတြဟာ ကိုဗစ္အေျခအေနေၾကာင့္ မလာျဖစ္တာ ျဖစ္တဲ့ အတြက္ေၾကာင့္ ခင္လႊမ္းဟာမိဘမရွိတဲ့ မိန္းကေလးတစ္ေယာက္ မဟုတ္ေၾကာင္းကို ေရးသားထားပါတယ္။ ပရိသတ္ႀကီးးလည္း ယခုဆိုရင္ ခင္လႊမ္းဟာမိဘမဲ့ မဟုတ္ေၾကာင္းကို သိရွိၿပီးေလာက္မယ္ထင္ ပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Si Phyo’s FB
#Crd

ဇနီးဖြစ်သူ ခင်လွှမ်းက မိဘမဲ့ ဖြစ်တယ်လို့ ဝေဖန်နေသူတွေကို တုံ့ပြန်ဖြေရှင်းလာတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးနဲ ခင်လွှမ်း တို့ကတော့ စိတ်တူ ကိုယ်တူ နဲ့ ဝါသနာပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲ လေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက် ညီတယ်လို့ ပရိသတ်တွေ က မှတ်ချက်ပေးခြင်းခံခဲ့ရ တာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို ့ကတော့ ချစ်သူဘ ဝမှာပဲ ရင်သွေးလေး ကို ရရှိခဲ့တာမို့ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူ စွာနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုး ပွဲလေးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဖြစ်လို့နေပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို ့ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကြင်နာစွာနဲ့ ဂရုတစိုက်ရှိကြတာပဲ ဖြစ်ပါတယ်။

ယခုလည်း စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့မင်္ဂလာမော်ကွ န်းတင် လက်မှတ်ရေး ထိုးပွဲမှာ ခင်လွှမ်းရဲ့မိဘတွေလာတာ ကို မတွေ့တာကြောင့် ခင်လွှမ်းမှာမိဘမရှိတဲ့ မိဘမဲ့တစ်ယောက်ပါလို့ ဝေဖန်ပြောဆိုနေကြခြင်းကို ခံနေရပါတယ်။ ယခုလိုဝေဖန်ပြောဆိုမှုနဲ့ ပတ်သက် ပြီး စည်ဖြိုးက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တုံ့ပြန်ဖြေရှင်းထား ပါတယ်နော်။

စည်ဖြိုးက “မဗိုက်ဟာ မိဘမဲ့ မဟုတ်ပါ … 🙏🏻 ❤️ ✌🏻”လို့ဆိုပြီး ခင်လွှမ်းရဲ့မိဘတွေကို သိသူတစ်ယောက်က ရေးသား ထားတဲ့ ကောမန့်တစ်ခုကိုပြသကာ ဖြေရှင်းထားတာ ကိုတွေ့ရပါတယ်။ဇနီးဖြစ်သူရဲ့မိဘတွေဟာ ကိုဗစ်အခြေအနေကြောင့် မလာဖြစ်တာ ဖြစ်တဲ့ အတွက်ကြောင့် ခင်လွှမ်းဟာမိဘမရှိတဲ့ မိန်းကလေးတစ်ယောက် မဟုတ်ကြောင်းကို ရေးသားထားပါတယ်။ ပရိသတ်ကြီးးလည်း ယခုဆိုရင် ခင်လွှမ်းဟာမိဘမဲ့ မဟုတ်ကြောင်းကို သိရှိပြီးလောက်မယ်ထင် ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Si Phyo’s FB
#Crd

About the author

Ms Cele

Leave a Comment