Celebrity
Written by Ms Cele
ဇာတ်ပို့ သရုပ်ဆောင် တွေအပေါ် သဘောထား ပြည့်ဝ လွန်းတဲ့ နေတိုး ရဲ့အမေ အကြောင်း ပြောပြ လာတဲ့ အိအိတုန်
မင်းသားချော နေတိုး ကတော့ ရခိုင်ပြည်နယ် မာန်အောင်မြို့လေး ကနေ ရန်ကုန်ကိုလာပြီး အနုပညာရှင် တစ်ယောက်ဖြစ်အောင် ကြိုးစား ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးရဲ့ အောင်မြင် မှုနောက်ကွယ်မှာ သူ့ရဲ့ မေမေ အရီးဒေါ်သန်းမြိုင်ရှိတယ် ဆိုတာကိုတော့ ပရိသတ်ကြီး တော်တော် များများ သိပြီးသား ဖြစ်မှာပါ။ နေတိုးက အနေအေးပြီး အမေကို အားကိုးတတ်သူ တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့သွားလေရာ ရှုတင်တိုင်းမှာ အရီးက အနောက်ကနေ လိုက်ပြီး စောင့်ရှောက်ရတာ ဖြစ်ပါတယ်။
ဒီကနေ ့မှာတော့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အိအိတုန်က သူမဆီက ပစ္စည်းတွေကိုအားပေးတဲ့ အပြင် စိတ်သဘောထား ကောင်းမွန်လွန်းတဲ့ နေတိုးရဲ့မေမေ အရီးဒေါ်သန်းမြိုင်အကြောင်းကို ” ကိုနေတိုးမေမေ ခရီးတွေထွက်ရင် အမြဲအတူတကွစကားတွေပြော။ ဟိုဝယ်ဒီဝယ်။
စိတ်တူကိုယ်တူ ချစ်ရတဲ့အရီး မမ ဗိုက်လေးကို အားပေးထားတာ။ အမြဲတမ်းလည်း ခုထိဖုန်းဆက်ပြီးအားပေးသောချစ်အရီး ကျန်းမာချမ်းသာအမြဲပျော်ရွှင်ပြီး စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပါစေချစ်အရီး😍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။
အိအိတုန်ကတော့ နာမည်ကြီးမင်းသား အမေဖြစ်ပေမယ့် ဇာတ်ပို့သရုပ်ဆောင်တွေအပေါ် သဘောထားပြည့်ဝလွန်းတဲ့ နေတိုးရဲ့အမေ အရီးအကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ နေတိုးတစ်ယောက် ကြင်နာတတ်ပြီး စိတ်နှလုံးသားကောင်းရှိတာ မိဘဆီက ကောင်းမွန်တဲ့ အမူအကျင့် တွေကြောင့်ဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Credit: Cele Connections
About the author
Ms Cele
Leave a Comment