Celebrity
Written by Ms Cele
ဇာတ်လမ်းတွဲမင်းသား မင်းသမီးတွေကို ချစ်သူတော်သင့်ကြောင်း ပြောပြလာတဲ့ ခေးဆက်သွင်
ပရိသတ်ကြီးရေ မင်းသမီးချောလေး ခေးဆက်သွင်ဟာဆိုရင် MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ အသိအမှတ်ပြု အားပေးခြင်းကိုခံခဲရသူလေးဖြစ်ပါတယ်နော်။ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့လို့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်နော်။ယခုလည်း သူမက ဇာတ်လမ်းတွဲမင်းသား၊ မင်းသမီးတွေကို ချစ်သူတော်သင့်ကြောင်းကို အချက်ကျကျပြောပြီး စျေးဗန်းခင်းလာခဲ့တာကို တွေ့ရပါတယ်။
ခေးဆက်သွင်က“ဇာတ်လမ်းတွဲ မင်းသား မင်းသမီးတွေကို ချစ်သူတော်ပါ(ကိုယ့်ဘက် ကိုယ်ယက် post😛) 1.အစားအသောက် – သူတို့က ဂျီးလုံးဝမများပါဘူး (များလို့လည်းမရပါဘူး😝) အိမ်ချက် ကလေးမှ အမေ့လက်ရာကလေးမှ၊ ဘယ် Hotel စာလေးမှ စားချင်ပါတယ်မရှိပါဘူး။ ရှိရင်လည်း သည်းခံရပါတယ်။ ရူတင်ထမင်းဟင်းကို အားလုံးနဲ့ တန်းတူ ၄ ၅ ၆လ စားရတာမို့ ဘာလာလာဒေါင်း အကုန်ကြိတ်ပါတယ်။ 2.အနေအထိုင် – နယ်ပေါင်းစုံ သွားရိုက်ရတာကြောင့် အခက်အခဲတစ်သိန်းနဲ့လည်း နေတတ်ထိုင်တတ် အိပ်တယ်ပါတယ်။ အဲကွန်းလေးနဲ့မှ စပရိန်မွေ့ယာလေးနဲ့မှ၊ ရေပူရေအေးလေးနဲ့မှ၊ ဘိုထိုင်အိမ်သာ၊ ခြင်လုံဇကာ ဘာညာ မူလဂျီ တူလဂျီ မရှိပါဘူး။ အခန်းလေးကျယ်ပြီး သပ်ရပ်ရင်ကို သိန်း ၁၅ဝဝဝခွဲဆုရှင်လို ဂုဏ်ယူနေတတ်ကြပါပြီ”
“3.အသုံးအစွဲ – ဇာတ်လမ်းတွဲ မရိုက်ရတဲ့ကာလတွေမှာ ဝန်ထမ်းတွေလို လစာနဲ့မို့ ဘယ်ချိန်မှာ သုံးသင့်တယ်။ ဘယ်ချိန်မှာ မသုံးသင့်ဘူး။ ကောင်းကောင်း စီစစ်ခြွေတာတတ်သူလေးတွေပါ။ (အောင်မြင်လာပြီး အပြင်မှာရိုက်ရသူတွေတော့ တစ်မျိုးပေါ့ ဒါပေမယ့်လည်း အားလုံးက အောက်သက်ကျေပြီးသားမို့ စီစစ်တတ်ပါတယ်)။ 4.အလှအပ – တရေးနိုးလို့ ထကြည့်ရင်တောင် လှနေအောင်နေတတ်ပါတယ်။ ဇာတ်လမ်းတွဲတွေက အကြာကြီးရိုက်ရတော့ အမြဲ အလှပြင်နည်းနဲ့ အကျွမ်းတဝင်ရှိနေလို့ပါ။ ပြောချင်တာက ပွဲထုတ်လို့ သင့်တော်ပါတယ်ပေါ့ကွယ်😂 5.နားလည်မှု – ရှယ်ပေးနိုင်ပါတယ်။ သူတို့ကိုလည်း နားလည်မှုရှယ်ပြန်ပေးရပါလိမ့်မယ်။ မနက် ၆နာရီထ ညနေ ၆နာရီမှ အိမ်ပြန်(တခါတလေ ညလုံးပေါက်ရိုက်)ရတဲ့သူတွေမို့ရစ်ဖို့ ဂျစ်ဖို့ သဝန်တို ရယ်ရယ်ငိုငိုလုပ်ဖို့ အချိန်သိပ်မရှိလို့ အဆင်ပြေပါလိမ့်မယ်။”
“6.သစ္စာ – ဘာရှိသလဲမမေးနဲ့။ တစ်ယောက်တည်း အတွက်တောင် အချိန်မနည်း လုပေးနေရတာ။ နှစ်ယောက် သုံးယောက်ဆို ရူးသွားမှာကြောက်လို့ သူတို့ မထားလောက်ပါဘူး။ ထားရင်လည်း မျှမျှတတ ချစ်ပေးပါလိမ့်မယ်(စတာနော်😝😝😝) 7.ဘဝရည်မှန်းချက်နဲ့တိုးတက်မှု – သူတို့မကြိုးစားရင်တောင် ကုမ္ပဏီက တွန်းအားနဲ့ အားလပ်ချိန်တွေမှာ တစ်ခုမဟုတ်တစ်ခု သင်တန်းတက်နေကြရတဲ့သူတွေမို့ ဒါလည်း စိတ်ပူစရာမရှိပါဘူး။ မကြိုးစားရင် ကျန်ခဲ့မှာ ကြောက်လို့ အကုန်ကျားကုတ်ကျားခဲပါပဲ။ ကိုင်း စဉ်းစားမနေပဲ ချစ်လိုက်ကြပါစို့😂😂😂” ဆိုပြီး အထာကျကျပြောပြ ထားတာကို သူမရဲ့ဖေ့ဘွတ် စာမျက်နှာမှာတွေ့ရပါတယ်။
ခေးဆက်သွင် ကတော့ ဇာတ်လမ်းတွဲ မင်းသား၊ မင်းသမီးတွေကို ချစ်သူတော် သင့်ကြောင်း ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ပြောလာပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ပြောတာလေးကို ကြည့်ပြီး အဘက်ဘက်ကပြည့်စုံနေတဲ့ ဇာတ်လမ်းတွဲ မင်းသား၊ မင်းသမီးလေးတွေကို ပိုလို့တောင်ချစ်သွားကြမယ် ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source: Khay Sett Thwin’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment