Celebrity

ဇာတ္လမ္းတြဲ အသစ္မွာ အဓိက ဇာတ္ေဆာင္ အျဖစ္နဲ႕ထပ္မံေတြ႕ရိွရမယ့္ ေ၀လာရီ

Written by Ms Cele

ဇာတ္လမ္းတြဲ အသစ္မွာ အဓိက ဇာတ္ေဆာင္ အျဖစ္နဲ႕ထပ္မံေတြ႕ရိွရမယ့္ ေ၀လာရီ

မင္းသမီးေခ်ာေလးေဝလာ ရီကိုေတာ့ နာမည္ႀကီး ခဲ့တဲ့ ” ႏွင္းဆီ” ႐ုပ္သံဇာတ္ လမ္းတြဲမွာ ေမာ္ အျဖစ္နဲ႔ ပရိသတ္ေတြ သတိထား မိခဲ့ၾကတာပါ။ လက္ရွိအခ်ိန္မွာ ပရိသတ္ အခိုင္အမာ ရရွိေနသလို သ႐ုပ္ေဆာင္အေနနဲ႔သာမက သီခ်င္းေတြလည္း သီဆိုထား တာေတြ႕ရ ပါတယ္။ ေဝလာရီကိုေတာ့ အဓိက ဇာတ္ေဆာင္ အျဖစ္နဲ႔ ဇာတ္လမ္းတြဲ အသစ္မွာ ပရိသတ္ေတြထပ္မံေတြ႕ရဦးမွာပါ။

မၾကာခင္မွာေတာ့ “မမွီဝဲနဲ႔ကင္းေအာင္ေန” ဆိုတဲ့ မိသားစုဇာတ္လမ္းတြဲေလး တစ္ခု ထုတ္လႊင့္ျပသေတာ့ မွာလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲ မွာေတာ့ ” ေဆာင္း” အျဖစ္နဲ႔ ေဝလာရီကပါဝင္ သ႐ုပ္ေဆာင္ထားတာပါ။ ဒီဇာတ္လမ္းတြဲမွာေတာ့ ဇာတ္႐ုပ္ ပီျပင္ဖို႔ အတြက္ အေကာင္းဆုံးႀကိဳးစားသ႐ုပ္ေဆာင္ ထားတာကို ပရိသတ္ေတြ ျမင္ခြင့္ရေတာ့မွာပါ။

ေဝလာရီကေတာ့ ပရိသတ္ေတြကို “ရင္ခုန္ရင္း ေမၽွာ္ေနပါၿပီ … အရမ္း ေကာင္းတဲ့ Family Drama ကားေလး … “မမွီဝဲနဲ႔ကင္းေအာင္ေန “ Mrtv-4 မွာ လာေတာ့မယ္ေနာ္ … ဘယ္လိုေတြ အားၿပိဳင္ၾကမလဲဆိုတာ … အခန္းတိုင္း အခန္းတိုင္း Feeling ေတြ ပ်စ္ႏွစ္စြာ ခံစားရမယ့္ … ဝါရင့္ သ႐ုပ္ေဆာင္မ်ားရဲ့ Acting ေတြကို လည္း တစ္ဝႀကီး ရႉစားရမွာပါ ” ဆိုၿပီးေတာ့ သူ႔ရဲ့ေဖ့ဘြတ္ခ္မွာ ေရးသားေဖာ္ျပထား ပါတယ္။ ရင္ခုန္ေနၾကၿပီလားပရိသတ္ႀကီးေရ…

Credit: Cele Gabar

ဇာတ်လမ်းတွဲ အသစ်မှာ အဓိက ဇာတ်ဆောင် အဖြစ်နဲ့ထပ်မံတွေ့ရှိရမယ့် ဝေလာရီ

မင်းသမီးချောလေးဝေလာ ရီကိုတော့ နာမည်ကြီး ခဲ့တဲ့ ” နှင်းဆီ” ရုပ်သံဇာတ် လမ်းတွဲမှာ မော် အဖြစ်နဲ့ ပရိသတ်တွေ သတိထား မိခဲ့ကြတာပါ။ လက်ရှိအချိန်မှာ ပရိသတ် အခိုင်အမာ ရရှိနေသလို သရုပ်ဆောင်အနေနဲ့သာမက သီချင်းတွေလည်း သီဆိုထား တာတွေ့ရ ပါတယ်။ ဝေလာရီကိုတော့ အဓိက ဇာတ်ဆောင် အဖြစ်နဲ့ ဇာတ်လမ်းတွဲ အသစ်မှာ ပရိသတ်တွေထပ်မံတွေ့ရဦးမှာပါ။

မကြာခင်မှာတော့ “မမှီဝဲနဲ့ကင်းအောင်နေ” ဆိုတဲ့ မိသားစုဇာတ်လမ်းတွဲလေး တစ်ခု ထုတ်လွှင့်ပြသတော့ မှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ မှာတော့ ” ဆောင်း” အဖြစ်နဲ့ ဝေလာရီကပါဝင် သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ဇာတ်ရုပ် ပီပြင်ဖို့ အတွက် အကောင်းဆုံးကြိုးစားသရုပ်ဆောင် ထားတာကို ပရိသတ်တွေ မြင်ခွင့်ရတော့မှာပါ။

ဝေလာရီကတော့ ပရိသတ်တွေကို “ရင်ခုန်ရင်း မျှော်နေပါပြီ … အရမ်း ကောင်းတဲ့ Family Drama ကားလေး … “မမှီဝဲနဲ့ကင်းအောင်နေ “ Mrtv-4 မှာ လာတော့မယ်နော် … ဘယ်လိုတွေ အားပြိုင်ကြမလဲဆိုတာ … အခန်းတိုင်း အခန်းတိုင်း Feeling တွေ ပျစ်နှစ်စွာ ခံစားရမယ့် … ဝါရင့် သရုပ်ဆောင်များရဲ့ Acting တွေကို လည်း တစ်ဝကြီး ရှူစားရမှာပါ ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထား ပါတယ်။ ရင်ခုန်နေကြပြီလားပရိသတ်ကြီးရေ…

Credit: Cele Gabar

About the author

Ms Cele

Leave a Comment