Celebrity


Written by Ms Cele





Source: Zenn Kyi’s FB

ဇာတ်ဝင်ခန်းတစ်ခု အတွက် ရောဂါသည် တစ်ယောက် အတိုင်း ကိုယ်အလေးချိန် လျှော့ချ ခဲ့တဲ့ အမှတ်တရတွေကို ချပြ လာတဲ့ ဇာဏ်ခီ

ပရိသတ်ကြီးရေ မင်းသားချော ဇာဏ်ခီကတော့ အနုပညာလောကမှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိပြီးသားဖြစ်တဲ့ နိုင်ငံကျော်မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်နော်။သရုပ်ဆောင်ပညာကို နိုင်ငံရပ်ခြားမှာ သင်ယူခဲ့ပြီး ဇနီးဖြစ်သူ ခရစ္စတီးနားခီနဲ့ အတူ အနုပညာဖန်တီးမှု အသစ်တွေကို ပြုလုပ်နေတဲ့ သူဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဇာဏ်ခီက သူ့ရဲ့ နောက်ဆုံးရုံတင် ဇာတ်ကားကြီးဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ဇာတ်ကား အမှတ်တရ ပုံရိပ်တစ်ချို့ကို ချပြလာပါတယ်။ ဇာဏ်ခီက “ထာဝရနှောင်ကြိုး” ဇာတ်ကားကြီးမှာ ကင်ဆာရောဂါနဲ့ သေအံ့ဆဲဆဲဖြစ်နေတဲ့အချိန်ကို မိနစ်ပိုင်းစာလောက် ဇာတ်ဝင်ခန်းအတွက် အပြင်းအထန် ကိုယ်အလေးချိန် လျှော့ချခဲ့တဲ့ ပုံရိပ်တွေကို အခုလိုပဲ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ဇာဏ်ခီက”သီဟရဲ့နေဝင်ချိန်.. ”ဆိုပြီး ကိုယ်အလေးချိန်လျှော့ချခဲ့တဲ့ ပုံတွေကို ချပြလာတာပဲဖြစ်ပါတယ်နော်။’ထာဝရနှောင်ကြိုး’ဇာတ်ကားကြီးဟာ ရုပ်ရှင်ရုံတွေမှာ ရုံတင်ချိန်ရက်အကြာကြီးနဲ့ စံချိန်တင်ခဲ့ပြီး နိုင်ငံတကာမှာလည်း ပြသခွင့်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ဇာဏ်ခီရဲ့ ဇာတ်ဝင်ခန်းကို ‘ထာဝရနှောင်ကြိုး’ဇာတ်ကားကြည့်ဖူးတဲ့ သူတွေ သိလိမ့်မယ် ထင်ပါတယ်နော်။

Source: Zenn Kyi’s FB

About the author

Ms Cele

Leave a Comment