Celebrity
Written by Ms Cele
Source: Aye Thaung’s fb
ဇာတ်ဝင်ခန်းတစ်ခုအတွက် တစ်နှစ်ကျော်လောက် ထိန်းသိမ်းလာတဲ့ ဆံပင်ရှည်ကြီးကို စွန့်လွှတ်ရတော့မှာမို့လို့ ဝမ်းနည်းနေတဲ့ အေးဝတ်ရည်သောင်း
ပရိသတ်ကြီးရေ မင်းသမီးချောလေး အေးဝတ်ရည်သောင်းဟာ ဆိုရင် အနုပညာလောကမှာ ရာစုနှစ်တိုင်အောင် အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူလေးပဲဖြစ်ပါတယ်နော်။ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးနဲ့ ပုရိသအမျိုးသားတို့ကို ညှို့ယူဖမ်းစားထားတဲ့ သူလေးပဲဖြစ်ပါတယ်။ မအေးသောင်းက ရှည်လျားတဲ့ ဆံပင်ရှည်ကြီးကို မြတ်နိုးစွာထားလေ့ရှိပြီး ယခုဆိုရင်တော့ သူမအမြတ်တနိုးထားတဲ့ ဆံပင်ရှည်ကို မိနစ်ပိုင်းစာ ဇာတ်ဝင်ခန်းတစ်ခုကြောင့် ညှပ်ရမယ့်အကြောင်းကို ပြောပြလာပါတယ်။
မအေးသောင်းက“၂၀၁၉ December တုန်းက ကားရိုက်အတွက်ဆံပင်အတိုလေး ညှပ်လိုက်သေးတယ် ပေါ့။ အခု အဲ့ကားလေးမှာ တစ်ခန်းကျန်တာ ပြန်ရိုက်ရမယ်ဆိုတော့ ပြန်ညှပ်ရတော့မှာပေါ့နော်။ ၁ နှစ်ကျော်အတွင်းရှည်လာတဲ့ ဆံပင်ကြီးကို နှမြောလက်တာ။ ကိုဗစ်ကိုမုန်းတယ်။ တထွာကျော်ကျော် ပြန်ညှပ်ရမှာဗျ။ 😢😢😢😢” ဆိုပြီး သူ့ရဲ့ဖေဘွတ်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။
မအေးသောင်းကတော့ တစ်နှစ်ကျော်လောက် ထိန်းသိမ်းလာခဲ့တဲ့ ဆံပင်ရှည်ကြီးကို နှမြောပေမယ့် သရုပ်ဆောင်တစ်ယောက်ပီပီ ဇာတ်ကောင် စရိုက်ပီပြင်ဖို့အတွက် ဆံပင်ရှည်တွေကို စွန့်လွှတ်ရတော့မှာပဲ ဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source: Aye Thaung’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment