Celebrity
Written by Ms Cele
Credit ; CeleZone
Source – Cynthia Kyaw
ဇူလိုင်လ (၃၀)ရက်နေ့မှာပဲ ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ပန်းချီဦးခိုင်တင်
ပရိသတ်ကြီးရေ ဆယ်စုနှစ်နှစ်ခုကျော် တိုင်အောင် ကျရာဇာတ်ရုပ်တိုင်း ကို ပီပြင်စွာနဲ့ သရုပ်ဆောင်နိုင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ပန်းချီဦးခိုင်တင် ကတော့ မနေ့က ဇူလိုင်လ (၃၀)ရက်နေ့မှာ ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါတယ်။ ဦးခိုင်တင် ကတော့ ပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ဝါရင့် ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ပါ။
မနေ့က ဇူလိုင်လ (၃၀)ရက်နေ့မှာတော့ ဦးခိုင်တင်က သူချစ်ရတဲ့ မိသားစုတွေ ပရိသတ်တွေကို အပြီတိုင်နှုတ်ဆက်ခွဲခွာ ခဲ့ရပါတယ်။ အခုလို ရုပ်ရှင်လောကရဲ့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ယောက်ဖြစ်တဲ့ ဦးခိုင်တင် ကွယ်လွန်သွား ခဲ့တာကြောင့် အနုပညာအသိုင်းဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအားလုံး ကလည်း စိတ်မကောင်းဖြစ်နေခဲ့သလို ပရိသတ်တွေ ကလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြ ရမှာတော့ အမှန်ပါပဲ။
ဦးခိုင်တင် တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ကနေ လည်း ဆုမွန်ေကောင်းတောင်းပေး လိုက်ပါတယ်။ ပရိသတ်ကြီးတွေ ကိုလည်း ဦးခိုင်တင် ကွယ်လွန်သွားတဲ့ သတင်းလေးကို ကနေ စိတ်မကောင်းစွာနဲ့ပဲမျှဝေဖော်ပြပေးလိုက်ပါတယ်။
Credit ; CeleZone
Source – Cynthia Kyaw
About the author
Ms Cele
Leave a Comment