Celebrity

ဇြန္လ (၃၀) ရက္ ညေနပိုင္းမွာ ဖမ္းဆီးထိမ္သိမ္းခံထားရျခင္းမွ ျပန္လည္လြတ္ေျမာက္လာတဲ့ ေမတိုးခိုင္

Written by Ms Cele

ဇြန္လ (၃၀) ရက္ ညေနပိုင္းမွာ ဖမ္းဆီးထိမ္သိမ္းခံထားရျခင္းမွ ျပန္လည္လြတ္ေျမာက္လာတဲ့ ေမတိုးခိုင္

အႏုပညာရွင္ေတြ အမ်ားစု ကေတာ့ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ နဲ႔အတူ အျပည့္အဝ ရပ္တည္ခဲ့ၾကပါတယ္ ။ သူတို႔ရဲ့ ေအာင္ျမင္ေတြ ေက်ာ္ၾကားမႈေတြကို ေမ့ကာ ျပည္သူေတြနဲ႔ တစ္သားတည္း လမ္းမေပၚအထိ ထြက္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ ။

ဒါ့အျပင္ သူတို႔ရဲ့ အေကာင့္ေတြ ကေနလည္း အစြမ္းကုန္ေန႔ေရာညပါ soeak out ေတြလည္း လုပ္ခဲ့ၾကပါတယ္ ။ ဒါ့ၾကာင့္လည္း ပုဒ္မ (၅၀၅-က) နဲ႔ တရားစြဲဆိုခံရသူေတြ ရွိသလို တစ္ခ်ိဳ႕ နာမည္ႀကီး အႏုပညာရွင္ေတြဆို ကံမေကာင္းစြာနဲ႔ပဲ ဖမ္းဆီး ခံခဲ့ၾကပါတယ္ ။

မေန႕ကမနက္ အေစာပိုင္းေလာက္ မွာေတာ့ ဖမ္းဆီးခံ ထားရတဲ့ အႏုပညာရွင္ေတြ အျပင္ အျခား နိုင္ငံေရးသမား မ်ားကို လႊတ္ေပးမယ္ ဆိုတဲ့ သတင္းေတြ ထြက္ရွိခဲ့ပါတယ္ ။ အားလုံးကလည္း ရင္ခုန္စြာနဲ႔ ေစာင့္ေနခဲ့ၾကသလို တစ္ခ်ိဳ႕ဆို လႊတ္ေပးမယ့္ နာမည္စာရင္းေတြပါ ႀကိဳသိေနၾကသလို ပိုေတာင္ ရင္ခုန္ေနၾကတာေတြ ရွိေနပါတယ္ ။ အခုလည္း တစ္မနက္လုံး အားလုံး ေမၽွာ္လင့္ ေစာင့္စားေနၾကတဲ့ အတိုင္း ေမတိုးခိုင္ေတာ့ ျပန္လည္ လြတ္ေျမာက္လာကာအိမ္ျပန္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္ ။ မိသားစုနဲ႔ ထပ္တူ ဝမ္းသာေပ်ာ္ရႊင္မိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ သတင္းေကာင္းေလးကို ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Htein Htein Thar

ဇွန်လ (၃၀) ရက် ညနေပိုင်းမှာ ဖမ်းဆီးထိမ်သိမ်းခံထားရခြင်းမှ ပြန်လည်လွတ်မြောက်လာတဲ့ မေတိုးခိုင်

အနုပညာရှင်တွေ အများစု ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ နဲ့အတူ အပြည့်အဝ ရပ်တည်ခဲ့ကြပါတယ် ။ သူတို့ရဲ့ အောင်မြင်တွေ ကျော်ကြားမှုတွေကို မေ့ကာ ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ်အထိ ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ ။

ဒါ့အပြင် သူတို့ရဲ့ အကောင့်တွေ ကနေလည်း အစွမ်းကုန်နေ့ရောညပါ soeak out တွေလည်း လုပ်ခဲ့ကြပါတယ် ။ ဒါ့ကြာင့်လည်း ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ် ။

မနေ့ကမနက် အစောပိုင်းလောက် မှာတော့ ဖမ်းဆီးခံ ထားရတဲ့ အနုပညာရှင်တွေ အပြင် အခြား နိုင်ငံရေးသမား များကို လွှတ်ပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ် ။ အားလုံးကလည်း ရင်ခုန်စွာနဲ့ စောင့်နေခဲ့ကြသလို တစ်ချို့ဆို လွှတ်ပေးမယ့် နာမည်စာရင်းတွေပါ ကြိုသိနေကြသလို ပိုတောင် ရင်ခုန်နေကြတာတွေ ရှိနေပါတယ် ။ အခုလည်း တစ်မနက်လုံး အားလုံး မျှော်လင့် စောင့်စားနေကြတဲ့ အတိုင်း မေတိုးခိုင်တော့ ပြန်လည် လွတ်မြောက်လာကာအိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။ မိသားစုနဲ့ ထပ်တူ ဝမ်းသာပျော်ရွှင်မိတာကြောင့် ပရိသတ်ကြီးအတွက် သတင်းကောင်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Htein Htein Thar

About the author

Ms Cele

Leave a Comment