Celebrity

ညီညီေမာင္ကို သြားေရာက္ ကန္ေတာ့ ခဲ့တဲ့ ေအးျမတ္သူ

Written by Ms Cele

ညီညီေမာင္ကို သြားေရာက္ ကန္ေတာ့ ခဲ့တဲ့ ေအးျမတ္သူ

ျမန္မာတို႔ရဲ့ ခ်စ္စရာေကာင္း တဲ့ဓေလ့၊ ငယ္သူက ႀကီးသူကို ရိုေသ ဂါရဝျပဳေလ့ရွိတဲ့အခ်ိန္အခါေလးျဖစ္တဲ့ သီတင္းကၽြတ္ ခ်ိန္ခါမွာ ကန္ေတာ့ၾကတဲ့အေလ့အထ ေလးကေတာ့ ျမင္သူတိုင္းကို ၾကည္ႏူးပီတိျဖစ္ေစမွာ အမွန္ပါ။ အႏုပညာေလာက မွာလည္း သီတင္းကၽြတ္ကာလတေလၽွာက္လုံး တစ္ေယာက္ကိုတစ္ေယာက္ ေလးစားခ်စ္ခင္စိတ္အျပည့္နဲ႔ သြားေရာက္ ဂါရဝျပဳကန္ေတာ့ၾက တာကို ေတြ႕ျမင္ရမွာပါ။

ဒီတစ္ေခါက္မွာလည္း ႐ုပ္ရွင္သ႐ုပ္ေဆာင္ေအးျမတ္သူ ကေတာ့ သူမင္းသမီးဘဝ အစကတည္းက ခ်စ္ခင္ရင္းႏွီးလာရတဲ့ မိတ္ကပ္ညီညီေမာင္(စမ္းေခ်ာင္း) ကို သြားေရာက္ ဂါရဝျပဳကန္ေတာ့ခဲ့ၿပီး ညီညီေမာင္ကေတာ့ ပီတိျဖစ္ရတဲ့ေန႔ …. ခ်စ္စရာေကာင္း တဲ့ ဓေလ့ရိုးရာ…. မိတ္ကပ္ပညာရွင္ နဲ႔ မင္းသမီး … အေမ နဲ႔သမီး , အမနဲ႔ညီမ လုပ္ေဖာ္ကိုင္ဖက္ လို ေနလာၾကတာ ႏွစ္စဥ္ ဝါကၽြတ္ဂါရဝ လာျပဳတဲ့ မျမတ္ေလး စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး အကယ္ဒမီေတြ အမ်ားႀကီးရပါေစ ေနာ္ ဆိုၿပီး ရိုေသသိတတ္လြန္းတဲ့ မျမတ္ေလးအေကာင္းကို မၽွေဝေဖာ္ျပခဲ့ပါတယ္။

ႏွစ္ဦးစလုံးကေတာ့ ပရိသတ္ အခ်စ္ကို သိမ္းပိုက္ထားၾကသူေတြ ပီပီ သုသုနဲ႔မျမတ္ေလးတို႔ရဲ့ ခ်စ္စရာပုံရိပ္ေလးေတြ ကေတာ့ ျမင္သူတိုင္းကို ၾကည္ႏူးေစ ခဲ့ပါတယ္။ တစ္ဦးကိုတစ္ဦးေလးစား ခ်စ္ခင္မႈအျပည့္နဲ႔ ႏွစ္စဥ္ကန္ေတာ့တဲ့ အစဥ္အလာေလး ကို ကိုဗစ္ကာလမွာေတာင္ ထိန္းသိမ္းနိုင္ ခဲ့တဲ့ ညီညီေမာင္နဲ႔ ေအးျမတ္သူတို႔ရဲ့ ၾကည္ႏူးစရာအခ်ိန္အခါေလးကို ျပန္လည္မၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Credit:Cele Gabar

ညီညီမောင်ကို သွားရောက် ကန်တော့ ခဲ့တဲ့ အေးမြတ်သူ

မြန်မာတို့ရဲ့ ချစ်စရာကောင်း တဲ့ဓလေ့၊ ငယ်သူက ကြီးသူကို ရိုသေ ဂါရဝပြုလေ့ရှိတဲ့အချိန်အခါလေးဖြစ်တဲ့ သီတင်းကျွတ် ချိန်ခါမှာ ကန်တော့ကြတဲ့အလေ့အထ လေးကတော့ မြင်သူတိုင်းကို ကြည်နူးပီတိဖြစ်စေမှာ အမှန်ပါ။ အနုပညာလောက မှာလည်း သီတင်းကျွတ်ကာလတလျှောက်လုံး တစ်ယောက်ကိုတစ်ယောက် လေးစားချစ်ခင်စိတ်အပြည့်နဲ့ သွားရောက် ဂါရဝပြုကန်တော့ကြ တာကို တွေ့မြင်ရမှာပါ။

ဒီတစ်ခေါက်မှာလည်း ရုပ်ရှင်သရုပ်ဆောင်အေးမြတ်သူ ကတော့ သူမင်းသမီးဘဝ အစကတည်းက ချစ်ခင်ရင်းနှီးလာရတဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကို သွားရောက် ဂါရဝပြုကန်တော့ခဲ့ပြီး ညီညီမောင်ကတော့ ပီတိဖြစ်ရတဲ့နေ့ …. ချစ်စရာကောင်း တဲ့ ဓလေ့ရိုးရာ…. မိတ်ကပ်ပညာရှင် နဲ့ မင်းသမီး … အမေ နဲ့သမီး , အမနဲ့ညီမ လုပ်ဖော်ကိုင်ဖက် လို နေလာကြတာ နှစ်စဉ် ဝါကျွတ်ဂါရဝ လာပြုတဲ့ မမြတ်လေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အကယ်ဒမီတွေ အများကြီးရပါစေ နော် ဆိုပြီး ရိုသေသိတတ်လွန်းတဲ့ မမြတ်လေးအကောင်းကို မျှဝေဖော်ပြခဲ့ပါတယ်။

နှစ်ဦးစလုံးကတော့ ပရိသတ် အချစ်ကို သိမ်းပိုက်ထားကြသူတွေ ပီပီ သုသုနဲ့မမြတ်လေးတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေ ကတော့ မြင်သူတိုင်းကို ကြည်နူးစေ ခဲ့ပါတယ်။ တစ်ဦးကိုတစ်ဦးလေးစား ချစ်ခင်မှုအပြည့်နဲ့ နှစ်စဉ်ကန်တော့တဲ့ အစဉ်အလာလေး ကို ကိုဗစ်ကာလမှာတောင် ထိန်းသိမ်းနိုင် ခဲ့တဲ့ ညီညီမောင်နဲ့ အေးမြတ်သူတို့ရဲ့ ကြည်နူးစရာအချိန်အခါလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment