Celebrity


Written by Ms Cele






ညီထွဋ်ခေါင်ကို ဆုမြတ်နိုးဦး နဲ့အပြိုင် ဖန်းစားပြကာ ဆွဲဆောင်နေတဲ့ ကျော်ကျော်

ပရိသတ်ကြီးရေရုပ်ရှင် သရုပ်ဆောင်ကျော်ကျော် ကတော့ အနုပညာလောကမှာနှစ်အတော်ကြာ ဖြတ်သန်းလာခဲ့ပြီဖြစ်တဲ့ မင်းသား တစ်လက်ပါ။ အမြဲပျော်ပျော်နေ တတ်ပြီး သူငယ်ချင်းတွေနဲ့ပေါ့ပေါ့ပါးပါး နေတတ်တာကလည်း သူ့ရဲ့ထူးခြားတဲ့ ပုံစံတစ်ခု ပါပဲနော်။

အချစ်ဆုံးသူငယ်ချင်း ညီထွဋ်ခေါင် ၊ဆုမြတ်နိုးဦးတို့နဲ့ အတူ ပရမ်းပတာ ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ Pageမှာ ဗီဒီယိုဖိုင်လေးတွေ တင်လေ့ရှိပြီး ပရိသတ်တွေ ကလည်း သူတို့သူငယ်ချင်း(၃)ယောက်ကိုအထူး အားပေးဝန်းရံ လေ့ရှိပါတယ်။သူငယ်ချင်းတွေ ကိုလည်းရရင်ရသလို ဆေးထိုးစနောက်တတ်တဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

အမြဲပရိသတ်တွေနဲ့ သူငယ်ချင်းတွေခွီရအောင် အခွီလေးတွေပြော တတ်တဲ့ ကျော်ကျော် ကတော့ ဒီနေ့မှာလည်း သူငယ်ချင်းတွေနဲ့ အခွီပုံလေးတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဆုမြတ်နိုးဦးရဲ့ ဂါဝန်ကို ငှားဝတ်ကာ ​ညီထွဋ်ခေါင်နဲ့အတူ ဆုမြတ်နိုးဦးလည်း ပါဝင်ကာ ”ကိုကြီးရယ် မီးရယ် စနိုက်မရယ် …”ဆိုတဲ့စာလေးနဲ့ ပုံလေးတွေတင်လာ ခဲ​့တာကြောင့်ပရိသတ်တွေ ပွဲကျစေခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုချိန်မှာ သူတို့ရဲ့ ပရမ်းပတာ ဘီအက်ဖ်အက်ဖ် updateပုံ​လေးတွေကိုကြည့်ရှူပြီးဘဝ အမောတွ​ပြေပျောက် နိုင်ကြပါစေနော်။ ဖတ်ရှူပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Myanmar Cele-Cafe

About the author

Ms Cele

Leave a Comment