Celebrity


Written by Ms Cele








Swelsone News

ညီမလေးနဲ့ အတူ မနက် အစောကြီး ထပြီး အသဲကြားက မဲတစ်ပြားပေး ခဲ့တဲ့ နေတိုး

မင်းသားချောလေး နေတိုးကတော့ အောင်မြင်လျက် ရှိနေတဲ့ အနုပညာရှင် တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေး မှုကို အခိုင်အမာရယူ ထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက် ပဲဖြစ်ပါတယ်။

အနုပညာလောကမှာ နေရာတစ်ခု ကို ရယူထားနိုင်ခဲ့ပြီး ဗီဒီယို ဇာတ်ကား တွေအပြင် ရုပ်ရှင်ဇာတ်ကား တွေကို ရိုက်ကူးလျက် ရှိနေတဲ့ နေတိုး ကတော့ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက် ထားနိုင်ခဲ့တဲ့ နေတိုးကတော့ လူတိုင်းကို အပြုံးလေးတွေနဲ့ ဖော်ရွေစွာပြောဆို ဆက်ဆံတက်ကာချစ်စရာ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။

နေတိုးကတော့ ယခုမှာ မနက်အစောကြီး ထပြီးတန်းစီကာ ချစ်ညီမလေးနဲ့အတူ မဲသွားပေးရင်း ပျော်ရွှင်နေခဲ့တဲ့ ပုံရိပ်လေး တွေကို ချပြလာခဲ့ပါတယ်။

နေတိုးကတော့ ” နံနက်ခင်းအလင်းရောင်​တွေနဲ့ အတူအနာဂါတ်နေ့ရက်များ​တောက်ပဖို့ အသဲကြားက​မဲတပြား အတွက် …​နေတိုး “ဆိုပြီး မဲသွားပေးခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေနဲ ့အတူ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထား ခဲ့တာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေ အတွက် ချစ်ညီမလေးနဲ့ အတူ မဲသွားပေးခဲ့တဲ့ မင်းသားချောလေး နေတိုးရဲ့ ချစ်စရာပုံရိပ်လေးတွေ ကိုပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Swelsone News

About the author

Ms Cele

Leave a Comment