Celebrity

ညီမျဖစ္သူကို စိတ္သက္သာရေအာင္ဆိုၿပီး စားခ်င္တာမွန္သမွ်ကို ပံုးလိုက္၀ယ္ေကၽြးခဲ့တဲ့ ေဘဘီေမာင္

Written by Ms Cele

ညီမျဖစ္သူကို စိတ္သက္သာရေအာင္ဆိုၿပီး စားခ်င္တာမွန္သမွ်ကို ပံုးလိုက္၀ယ္ေကၽြးခဲ့တဲ့ ေဘဘီေမာင္

ျမန္မာ ဆန္ဆန္ လံုးၾကီးေပါက္လွ ခႏၶာကုိယ္ အခ်ိဳးအစား ကို ပိုင္ဆိုင္ထားတဲ့ အျပင္ အျပစ္ဆိုဖြယ္ရာ မရိွတဲ့ အလွစစ္ ကို ပိုင္ဆိုင္ထားတဲ့ ေဘဘီေမာင္နဲ့ သံစဥ္ေမာင္ တို့ ညီအစ္မ နွစ္ေယာက္ ကေတာ့ အနုပညာေလာကမွာ အေက်ာ္အေမာ္ ေတြပဲ ျဖစ္ၾကပါတယ္။ ေဘဘီေမာင္ ကလည္း ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကား ေတာ္ေတာ္မ်ားမ်ား မွာ ပါဝင္သရုပ္ေဆာင္ ခဲ့သလို သံစဥ္ေမာင္ကလည္း ဗီဒီယို ဇာတ္ကားေတြနဲ့ ေၾကာ္ျငာေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့ တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ခ်စ္စရာေကာင္းတဲ့ အျပင္ တစ္ေယာက္နဲ့ တစ္ေယာက္ သံေယာဇဥ္ၾကီးလြန္း တဲ့ ညီအစ္မနွစ္ေယာက္ စလံုးကို ခ်စ္ခင္အားေပးၾကပါတယ္။

လက္ရိွမွာေတာ့ လူမႈေရးျပႆနာ ေတြေၾကာင့္ စိတ္ဖိစီး၊ စိတ္ရႈပ္ေနရတဲ့ သံစဥ္ေမာင္ကို အစ္မျဖစ္သူ ေဘဘီေမာင္က အနီးကပ္ ဂရုစိုက္ေပး ေနတာ ပရိသတ္ၾကီးလည္း သိျပီးသား ျဖစ္မွာပါ။ ဒီကေန့ မွာလည္း ေဘဘီေမာင္က စိတ္ဖိစီးမႈ ေတြျဖစ္ေနတဲ့ ညီမငယ္ေလး သံစဥ္ေမာင္ အတြက္ စားခ်င္တာမွန္သမွ်ကုိ ပံုးလုိက္ၾကီးဝယ္ေကြ်းျပီး စိတ္သက္သာရာ ရေအာင္ ျပဳလုပ္ေပးခဲ့ျပီး သံစဥ္ေမာင္ကလည္း အစ္မျဖစ္သူ ရဲ့ ေစတနာအတြက္ ေက်းဇူးတင္ေၾကာင္း သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ ေရးသားလာပါတယ္။

ေဘဘီေမာင္ ကေတာ့ မိသားစုရဲ့ သမီးၾကီးပီပီ မိဘနွစ္ပါးနဲ့ ေမာင္ေလး၊ ညီမေလးေတြ မ်က္နွာ မငယ္ရေအာင္ အဖက္ဖက္ကေန ၾကိဳးစားေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဘဘီေမာင္တို့ ညီအစ္မနွစ္ေယာက္ရဲ့ ခ်စ္စရာ သံေယာဇဥ္ ေနွာင္ၾကိဳးေလးကို ၾကည္နူးေနမိမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ခရက္ဒစ္-ဆယ္လီေကာ္နယ္ရွင္

ညီမဖြစ်သူကို စိတ်သက်သာရအောင်ဆိုပြီး စားချင်တာမှန်သမျှကို ပုံးလိုက်ဝယ်ကျွေးခဲ့တဲ့ ဘေဘီမောင်

မြန်မာ ဆန်ဆန် လုံးကြီးပေါက်လှ ခန္ဓာကိုယ် အချိုးအစား ကို ပိုင်ဆိုင်ထားတဲ့ အပြင် အပြစ်ဆိုဖွယ်ရာ မရှိတဲ့ အလှစစ် ကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင် တို့ ညီအစ်မ နှစ်ယောက် ကတော့ အနုပညာလောကမှာ အကျော်အမော် တွေပဲ ဖြစ်ကြပါတယ်။ ဘေဘီမောင် ကလည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တော်တော်များများ မှာ ပါဝင်သရုပ်ဆောင် ခဲ့သလို သံစဉ်မောင်ကလည်း ဗီဒီယို ဇာတ်ကားတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ အပြင် တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်ကြီးလွန်း တဲ့ ညီအစ်မနှစ်ယောက် စလုံးကို ချစ်ခင်အားပေးကြပါတယ်။

လက်ရှိမှာတော့ လူမှုရေးပြဿနာ တွေကြောင့် စိတ်ဖိစီး၊ စိတ်ရှုပ်နေရတဲ့ သံစဉ်မောင်ကို အစ်မဖြစ်သူ ဘေဘီမောင်က အနီးကပ် ဂရုစိုက်ပေး နေတာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ဒီကနေ့ မှာလည်း ဘေဘီမောင်က စိတ်ဖိစီးမှု တွေဖြစ်နေတဲ့ ညီမငယ်လေး သံစဉ်မောင် အတွက် စားချင်တာမှန်သမျှကို ပုံးလိုက်ကြီးဝယ်ကျွေးပြီး စိတ်သက်သာရာ ရအောင် ပြုလုပ်ပေးခဲ့ပြီး သံစဉ်မောင်ကလည်း အစ်မဖြစ်သူ ရဲ့ စေတနာအတွက် ကျေးဇူးတင်ကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားလာပါတယ်။

ဘေဘီမောင် ကတော့ မိသားစုရဲ့ သမီးကြီးပီပီ မိဘနှစ်ပါးနဲ့ မောင်လေး၊ ညီမလေးတွေ မျက်နှာ မငယ်ရအောင် အဖက်ဖက်ကနေ ကြိုးစားနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်တို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာ သံယောဇဉ် နှောင်ကြိုးလေးကို ကြည်နူးနေမိမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခရက်ဒစ်-ဆယ်လီကော်နယ်ရှင်

About the author

Ms Cele

Leave a Comment