Celebrity

ညီမျဖစ္သူ အိသီရိခ်ိဳေမာင္ဆီက တန္ဖိုးႀကီး ပစၥည္းတစ္ခု လက္ေဆာင္ ရရွိခဲ့တဲ့ အိေခ်ာပို

Written by Ms Cele

ညီမျဖစ္သူ အိသီရိခ်ိဳေမာင္ဆီက တန္ဖိုးႀကီး ပစၥည္းတစ္ခု လက္ေဆာင္ ရရွိခဲ့တဲ့ အိေခ်ာပို

ဂစ္တာရိွတ္ ခႏၶာကိုယ္ေလးနဲ ဆြဲေဆာင္မႈအျပည့္ရိွတဲ့ မ်က္နွာေလးကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလး အိေခ်ာပို ကေတာ့ ပရိသတ္ေတြရဲ့ နွလံုးသားကို အပိုင္စားရရိွထားသူ တစ္ေယာက္ပါပဲ။ လူေလးလွသလို ေအးေအးခ်မ္းခ်မ္းပဲ ေနတတ္တဲ့ အိေခ်ာပိုကေတာ့ တည္ျငိမ္ရင့္က်က္သူေလး တစ္ေယာက္မို့ ပရိသတ္ေတြက ခ်စ္ျပီးရင္းခ်စ္ေနရသူေလး ဆိုလည္း မမွားပါဘူး။ ပုရိသေတြမ်ားစြာရဲ့ စိတ္ဝင္စားျခင္းခံ ရတဲ့ အိေခ်ာပိုကေတာ့ အိမ္ေထာင္ မျပဳေသးပဲ တစ္ကိုယ္တည္း Single ေလးအျဖစ္နဲ့ မိသားစုကို အခ်ိန္ေပးျဖစ္ ေနတာပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီလ (၄) ရက္ေန့ ကေတာ့ အိေခ်ာပိုရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ အိေခ်ာပိုက သူမရဲ့ ေမြးေန့မွာ မိသားစုေတြနဲ့ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြကို ကုန္ဆံုးခဲ့သလို မေမ့နိုင္စရာ အမွတ္တရေတြကိုလည္း ဖန္တီးနိုင္ ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အိေခ်ာပိုက သူမရဲ့ အခ်စ္ဆံုး ညီမေလး အိသီရိခ်ိဳေမာင္ဆီကလည္း တန္ဖိုးၾကီးလြန္းတဲ့ စိန္လက္စြပ္ေလး တစ္ကြင္းကို ေမြးေန့လက္ေဆာင္ ရရိွခဲ့ေၾကာင္း သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မွ်ေဝေပးလာပါတယ္။

အိေခ်ာပိုကေတာ့ သူမရဲ့ညီမေလး အတြက္ မၾကာေသးခင္ကမွ ကားအသစ္တစ္စီး လက္ေဆာင္ဝယ္ေပး ခဲ့သလို အိသီရိခ်ိဳေမာင္ ကလည္း အစ္မရဲ့ေမြးေန့မွာ အရမ္းလွတဲ့ လက္စြပ္ၾကီး တစ္ကြင္း လက္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ အိေခ်ာပိုက ခ်စ္သူရည္းစား မရိွေပမယ့္လည္း မိသားစု၊ ညီအစ္ကိုေမာင္နွမေတြေၾကာင့္ ဘဝမွာ ျပီးျပည့္စံု သေလာက္ကို စိတ္ခ်မ္းသာေနရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Ei Chaw Po’s fb
Credit:Cele Connections

ညီမဖြစ်သူ အိသီရိချိုမောင်ဆီက တန်ဖိုးကြီး ပစ္စည်းတစ်ခု လက်ဆောင် ရရှိခဲ့တဲ့ အိချောပို

ဂစ်တာရှိတ် ခန္ဓာကိုယ်လေးနဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး အိချောပို ကတော့ ပရိသတ်တွေရဲ့ နှလုံးသားကို အပိုင်စားရရှိထားသူ တစ်ယောက်ပါပဲ။ လူလေးလှသလို အေးအေးချမ်းချမ်းပဲ နေတတ်တဲ့ အိချောပိုကတော့ တည်ငြိမ်ရင့်ကျက်သူလေး တစ်ယောက်မို့ ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရသူလေး ဆိုလည်း မမှားပါဘူး။ ပုရိသတွေများစွာရဲ့ စိတ်ဝင်စားခြင်းခံ ရတဲ့ အိချောပိုကတော့ အိမ်ထောင် မပြုသေးပဲ တစ်ကိုယ်တည်း Single လေးအဖြစ်နဲ့ မိသားစုကို အချိန်ပေးဖြစ် နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့ ကတော့ အိချောပိုရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အိချောပိုက သူမရဲ့ မွေးနေ့မှာ မိသားစုတွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးခဲ့သလို မမေ့နိုင်စရာ အမှတ်တရတွေကိုလည်း ဖန်တီးနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိချောပိုက သူမရဲ့ အချစ်ဆုံး ညီမလေး အိသီရိချိုမောင်ဆီကလည်း တန်ဖိုးကြီးလွန်းတဲ့ စိန်လက်စွပ်လေး တစ်ကွင်းကို မွေးနေ့လက်ဆောင် ရရှိခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာပါတယ်။

အိချောပိုကတော့ သူမရဲ့ညီမလေး အတွက် မကြာသေးခင်ကမှ ကားအသစ်တစ်စီး လက်ဆောင်ဝယ်ပေး ခဲ့သလို အိသီရိချိုမောင် ကလည်း အစ်မရဲ့မွေးနေ့မှာ အရမ်းလှတဲ့ လက်စွပ်ကြီး တစ်ကွင်း လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အိချောပိုက ချစ်သူရည်းစား မရှိပေမယ့်လည်း မိသားစု၊ ညီအစ်ကိုမောင်နှမတွေကြောင့် ဘဝမှာ ပြီးပြည့်စုံ သလောက်ကို စိတ်ချမ်းသာနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Ei Chaw Po’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment