Celebrity


Written by Ms Cele







ညီမဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတာကြောင့် စိတ်ထိခိုက် ခံစားနေရတဲ့ ခင်ရတနာစိုး

ပရိသတ်တွေ အချစ်တော် The Voice Myanmar ပြိုင်ပွဲဝင်လေး ခင်ရတနာစိုး ကတော့ Winner ဆုကိုမရရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့အားပေးမှု ကိုတော့ တခဲနက်ရရှိခဲ့တာဖြစ်ပါတယ်

ဒီနေ့မှာတော့ ခင်ရတနာစိုးက စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကို ပရိသတ်တွေ ဆီကို မျှဝေပေးလာခဲ့တာ ဖြစ်ပါတယ် ဒီသတင်းဆိုးကတော့ ခင်ရတနာစိုးရဲ့ညီမ ဝမ်းကွဲလေး ရုတ်တရက်ကွယ်လွန် သွားခဲ့တာဖြစ်ပြီး ဒီအကြောင်းကို လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာပါ ။

မမညီမလေးရယ် မမဘာမှ မသိရဘူး ဘာလို့အစောကြီး ထွက်သွားတာ လဲရင် တွေကွဲပါပြီ ဆိုတဲ့ စာသားလေးနဲ့အတူ ညီမလေးရဲ့ ပုံရိပ်လေးကို သူမရဲ့ဖေ့ဘုတ်စ် စာမျက်နှာမှာ ရေးသားခဲ့တာပါ ။ ဒါ့အပြင် ကွယ်လွန်သူ ညီမလေးရဲ့ ရုပ်အလောင်းလေး ကိုလည်း မိုင်ဒေးမှာတင်ခဲ့ပြီး နင်လှပါသေးတယ် လုလုရာ ငါပြန်လာမှ မုန့်အတူတူ စားမယ်နော် ညီမလေး ဖေ့ဖေအမျိုးတွေ ထဲမှာ မမချစ်တဲ့ ရွှေတုံးလေးလို့လည်း ဝမ်းနည်းဖွယ် မျှဝေလာခဲ့တာပဲဖြစ်ပါတယ်

ခင်ရတနာစိုးရဲ့ ညီမလေး ကတော့ အမျိုးသမီးရောဂါနဲ့ ရုတ်တရက် ကွယ်လွန် သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေ ကလည်း ခင်ခင်နဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရေကြောင်းတွေ မှတ်ချက်ရေးသား ခဲ့ကြပါတယ် ။ ခင်ရတနာစိုးရဲ့ ညီမလေး ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိနိုင် ပါစေလို့ ဆုတောင်းပေး လိုက်ရ ပါတယ်နော်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment