Celebrity


Written by Ms Cele






ည (၁၂) နာရီတိတိမှာ မွေးနေ့ပွဲလေး ကျင်းပပြီး တန်ဖိုးကြီး လက်ဆောင်တွေပေးခဲ့ကြတဲ့ မိသားစုဝင်တွေကြောင့် အံ့သြောဝမ်းသာနေတဲ့ စံထိပ်ထားဦး

အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်း သော အချစ်ဆုံးသမီးလေး စံထိပ်ထားဦး ကတော့ အကယ်ဒမီ ရွှေကြိုမယ်လေး အဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်း မှာတော့ ကြော်ငြာအချို့ကိုပါ လက်ခံရိုက်ကူးပြီး အနုပညာ အလုပ်တွေကို တစွန်းတစ လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ စံထိပ်ထားဦး ကတော့ မေမေခိုင်သင်းကြည် ဆီက ချစ်စရာကောင်းတဲ့ အချက်လေးတွေကို အမွေရရှိပိုင်ဆိုင် ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို မေမေနဲ့ ထပ်တူ ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ စံထိပ်ထားဦး က ကျောင်းပညာသင်ယူနေရဆဲဖြစ်တဲ့အတွက် အနုပညာအလုပ်တွေနဲ့အတူတူ ပညာရေးဘက်ကိုလည်း လစ်ဟင်းမှုမရှိအောင် ကြိုးစားနေရတာ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ ကတော့ စံထိပ်ထားဦး ရဲ့ အသက် (၁၈) နှစ်ပြည့် မွေးနေ့လေး ပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးရဲ့ မွေးနေ့ အတွက် မေမေခိုင်သင်းကြည်နဲ့ ဖေဖေ ဦးခန့်နိုင်တို့က ည (၁၂) နာရီတိတိမှာ မွေးနေ့ပွဲလေး ကျင်းပခဲ့ပြီး မိသားစု (၅) ယောက်တည်း နဲ့သာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ အိမ်မှာပဲ ကျင်းပရတဲ့ မွေးနေ့ပွဲလေးဖြစ်ပေမယ့် သူမကို အရမ်းချစ်ပြီး အလိုလိုက်ကြတဲ့ ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေ တို့ကြောင့် ထိပ်ထိပ်လေးက မွေးနေ့ လက်ဆောင်တွေကိုကြည့်ပြီး အံ့သြဝမ်းသာခဲ့ရတာကို အခုလိုပဲ တွေ့ရပါတယ်။

ထိပ်ထိပ်လေး ကတော့ နောက်ဆုံးပေါ် iphone 12 နဲ့ iWatch တို့ကို မေမေနဲ့ ဘွားဘွား ဆီက ရရှိခဲ့တဲ့အပြင် မုန့်ဖိုးတွေ အများကြီးပေးတဲ့ ဘိုးဘိုးနဲ့ လိုချင်တာ မှန်သမျှ လိုက် ဝယ်ပေးမယ် ဖေဖေကြောင့် ပျော်စရာကောင်းတဲ့ (၁၈) နှစ်ပြည့် မွေးနေ့လေးကို ပိုင်ဆိုင်ခဲ့ ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးအတွက် အမှတ်တရ မွေးနေ့ဆုမွန်ကောင်း စကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment