Celebrity

တကယ္လိုအပ္ေနသူေတြက Percentage မ်ားစြာ ေပးကာလဲလွယ္ေနရတာျဖစ္လို႕ လူသားအခ်င္းခ်င္းစာနာၾကပါလို႕ တိုက္တြန္းေျပာျပလာတဲ့ ေဆာင္းယြန္းစံ

Written by Ms Cele

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလး ေဆာင္းယြန္းစံဟာဆိုရင္ အႏုပညာေလာကမွာ အခ်ိန္တိုအတြင္း ေအာင္ျမင္မႈေတြကိုရရွိပိုင္ဆိုင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္ေနာ္။ယခုလက္ရွိျဖစ္ေပၚေနတဲ့ ေတာ္လွန္ေရးကာလေတြမွာလည္း ျပည္သူေတြနဲ႕အတူတစ္သားတည္း ရပ္တည္ကာ ဆႏၵထုတ္ေဖာ္ခဲ့သူျဖစ္ပါတယ္။

ယခုလိုစား၀တ္ေနေရးခက္ခဲေနတဲ့အခ်ိန္မွာလည္း သူမတတ္ႏိုင္သေလာက္ လွဴဒါန္းမႈေတြကို ျပဳလုပ္ခဲ့ပါတယ္။လတ္တေလာမွာေတာ့ ျပည္သူေတြက မ်ိဳးစုံ ေသာ အခက္အခဲေတြနဲ႔ ေတြ႕ၾကဳံေနရတာ ျဖစ္ၿပီး အခုတစ္ေလာမွာဆိုရင္ ျပည္သူလူထုကဘဏ္ေတြမွာ အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္းၿပီးေငြထုတ္ရတာ အေတာ္ေလးကို စိတ္ပင္ပန္း၊လူပင္ပန္း ျဖစ္ေနၾကရတာ ျဖစ္ပါတယ္။ အမွန္တကယ္ ေငြလိုအပ္ေနတဲ့ သူေတြအတြက္ကေတာ့ ဘယ္ေလာက္ Percentage ျဖစ္ျဖစ္ ေငြလဲယူေနၾကရတာ ျဖစ္ပါတယ္။

ေဆာင္းယြန္းစံက လိုအပ္လို႕လဲလွယ္ေနရတဲ့သူေတြကို လူသားခ်င္းစာနာဖို႕သူ႕ရဲ႕ ေဖ့ဘြတ္စာမ်က္ႏွာမွာယခုလိုေရးသားထားတာကို ေတြ႕ရပါတယ္။ေဆာင္းယြန္းစံက”သိန္းေထာင္ခ်ီမဟုတ္ပဲ ၁သိန္း ၂သိန္း ကို6% 8% 10% အစရွိသျဖင့္ ေပးၿပီး လဲတယ္ဆိုထဲက တကယ္ကို ေငြလိုလို႔ သုံးစရာ မရွိေတာ့လို႔ လဲတာပါ လက္ထဲမွာ သုံးဖို႔ပိုက္ဆံရွိေနရက္နဲ႔ ေတာ္႐ုံ ဘယ္သူ မွ Percentage ေပးၿပီး မလဲပါဘူး။တကယ္လိုအပ္ေနသူကို လုပ္မိရင္ ငရဲႀကီးပါတယ္ရွင့္ တကယ္လိုအပ္ေနသူေတြက အေျခခံသုံးကုန္ျဖစ္တဲ့ဆန္၊ဆီ၊ဆား ဝယ္ဖို႔ေတာင္ အနိုင္နိုင္ျဖစ္ေနၾကပါၿပီ အိမ္လခ မေပးနိုင္လို႔ အိမ္ေပၚကဆင္းေပးရေတာ့မယ့္သူေတြရွိတယ္။ေဆးဖိုးမတတ္နိုင္လို႔ ေရာဂါပိုခံစားရေတာ့မယ့္သူေတြရွိတယ္ ခုလိုခက္ခဲေနခ်ိန္မွာ လူသားခ်င္းစာနာၾကရေအာင္ပါ 🙏🏻”ဆိုၿပီးတိုက္တြန္းေျပာျပထားတာကိုေတြ႕ရပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Saung Yoon San’s fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံဟာဆိုရင် အနုပညာလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်နော်။ယခုလက်ရှိဖြစ်ပေါ်နေတဲ့ တော်လှန်ရေးကာလတွေမှာလည်း ပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်ကာ ဆန္ဒထုတ်ဖော်ခဲ့သူဖြစ်ပါတယ်။

ယခုလိုစားဝတ်နေရေးခက်ခဲနေတဲ့အချိန်မှာလည်း သူမတတ်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။လတ်တလောမှာတော့ ပြည်သူတွေက မျိုးစုံ သော အခက်အခဲတွေနဲ့ တွေ့ကြုံနေရတာ ဖြစ်ပြီး အခုတစ်လောမှာဆိုရင် ပြည်သူလူထုကဘဏ်တွေမှာ အချိန်အကြာကြီး စောင့်ဆိုင်းပြီးငွေထုတ်ရတာ အတော်လေးကို စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်နေကြရတာ ဖြစ်ပါတယ်။ အမှန်တကယ် ငွေလိုအပ်နေတဲ့ သူတွေအတွက်ကတော့ ဘယ်လောက် Percentage ဖြစ်ဖြစ် ငွေလဲယူနေကြရတာ ဖြစ်ပါတယ်။

ဆောင်းယွန်းစံက လိုအပ်လို့လဲလှယ်နေရတဲ့သူတွေကို လူသားချင်းစာနာဖို့သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာယခုလိုရေးသားထားတာကို တွေ့ရပါတယ်။ဆောင်းယွန်းစံက”သိန်းထောင်ချီမဟုတ်ပဲ ၁သိန်း ၂သိန်း ကို6% 8% 10% အစရှိသဖြင့် ပေးပြီး လဲတယ်ဆိုထဲက တကယ်ကို ငွေလိုလို့ သုံးစရာ မရှိတော့လို့ လဲတာပါ လက်ထဲမှာ သုံးဖို့ပိုက်ဆံရှိနေရက်နဲ့ တော်ရုံ ဘယ်သူ မှ Percentage ပေးပြီး မလဲပါဘူး။တကယ်လိုအပ်နေသူကို လုပ်မိရင် ငရဲကြီးပါတယ်ရှင့် တကယ်လိုအပ်နေသူတွေက အခြေခံသုံးကုန်ဖြစ်တဲ့ဆန်၊ဆီ၊ဆား ဝယ်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါပြီ အိမ်လခ မပေးနိုင်လို့ အိမ်ပေါ်ကဆင်းပေးရတော့မယ့်သူတွေရှိတယ်။ဆေးဖိုးမတတ်နိုင်လို့ ရောဂါပိုခံစားရတော့မယ့်သူတွေရှိတယ် ခုလိုခက်ခဲနေချိန်မှာ လူသားချင်းစာနာကြရအောင်ပါ 🙏🏻”ဆိုပြီးတိုက်တွန်းပြောပြထားတာကိုတွေ့ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Saung Yoon San’s fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment