Celebrity

တစ္ကမၻာလုံးက ေစာင့္ၾကည့္ေနတဲ့အတြက္ မိမိတို႕ရဲ႕ဆႏၵေဖာ္ထုတ္မႈကို အေပ်ာ္သေဘာ မသက္ေရာက္ေစဖို႕သတိေပးေျပာၾကားလိုက္တဲ့ အိျႏၵာေက်ာ္ဇင္

Written by Ms Cele

တစ္ကမၻာလုံးက ေစာင့္ၾကည့္ေနတဲ့အတြက္ မိမိတို႕ရဲ႕ဆႏၵေဖာ္ထုတ္မႈကို အေပ်ာ္သေဘာ မသက္ေရာက္ေစဖို႕သတိေပးေျပာၾကားလိုက္တဲ့ အိျႏၵာေက်ာ္ဇင္

ရဲေဘာ္သုံးက်ိပ္ အဖြဲ႕ဝင္ျဖစ္တဲ့ ဗိုလ္ေတဇရဲ့ မ်ိဳးဆက္ျဖစ္တဲ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ ကေတာ့ လက္ရွိမွာ သူမရဲ့ ခံယူခ်က္ အတိုင္း စစ္မွန္တဲ့ ဒီမိုကေရစီ ရရွိဖို႔ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ ေနလ်က္ရွိပါတယ္။ ျပည္သူထဲက ျပည္သူ တစ္ေယာက္ျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္က ဒီကေန႔မွာေတာ့ သူမရဲ့ ခ်စ္ပရိသတ္ေတြနဲ႔ ေလးစားရတဲ့ မိဘျပည္သူေတြကို အႀကံျပဳ စကားေလး တစ္ခြန္းေျပာလာတာကို အခုလိုပဲ ေတြ႕ရပါတယ္။

“ကၽြန္မအေနနဲ႔ အႀကံျပဳခ်င္တာေလးပါရွင္။ ကၽြန္မတို႔ျပည္သူေတြ အားလုံး ဝတ္စုံေတြနဲ႔ျဖစ္ေစ၊ ဆိုင္းဘုတ္ေတြနဲ႔ျဖစ္ေစ ကမၻာက သိေအာင္ အမ်ိဴးမ်ိဴး လုပ္ခဲ့ၾကၿပီးပါၿပီ။ လုပ္ခဲ့တဲ့ သူမ်ားအားလုံးကိုလည္း တကယ္ခ်ီးက်ဴးပါတယ္။ International Media ေတြမွာေတြ႕ရတဲ့အခါမွာလည္း ေက်နပ္စရာေကာင္းပါတယ္။ အခုေတာ့ရသင့္တဲ့ Media Attention ကိုလည္းရသြားၿပီျဖစ္တဲ့ အတြက္ အားလုံး ေသခ်ာအားျပန္ေမြး၊ အနားယူၿပီး မနက္ျဖန္ကစၿပီး တစ္ခုတည္းရွိတဲ့ပန္းတိုင္ကို ေရာက္ေအာင္ တစ္စိုက္မတ္မတ္သြားၾကေရ အာင္ေနာ္။ ”

“ညီညြတ္တဲ့ ဆိုင္းဘုတ္ေတြ သုံးဖို႔ ၊ အေပ်ာ္သေဘာေဆာင္တဲ့ ဝတ္စားဆင္ယင္မႈကို ေရွာင္က်ဥ္ဖို႔၊ Truck ကားေတြေပၚမွာ Speakers ေတြနဲ႔ သီခ်င္းေတြ အက်ယ္ႀကီး ဖြင့္တာမ်ိဳး ခုန္ေပါက္ေနတာမ်ိဳးေတြ မလုပ္ဖို႔ အေရးႀကီး ပါတယ္ရွင္။ ဒီအခ်ိန္မွာ တစ္ကမၻာလုံးက ေစာင့္ၾကည့္ေနတဲ့ အတြက္ ျပည္သူေတြ အားလုံးက ဒီအာဏာသိမ္းမႈကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္ ရႉံ႔ခ်ေၾကာင္းကို ညီညြတ္စြာျပၾကပါစို႔ရွင္။” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ အခုလိုပဲ ေျပာလာပါတယ္။

အိျႏၵာေက်ာ္ဇင္ ကေတာ့ ျပည္သူထဲက ျပည္သူ တစ္ေယာက္ အေနနဲ႔ စစ္အာဏာရွင္ စနစ္ကို ဆန႔္က်င္ၿပီး ဒီမိုကေရစီ စစ္စစ္ကို ရရွိနိုင္ဖို႔ အတြက္ ဆႏၵျပေတာ္ငးဆိုေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အိျႏၵာေက်ာ္ဇင္ေျပာ သလို ဒီအာဏာသိမ္းမႈကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္ရႉံ႔ခ်ေၾကာင္းကို ညီညြတ္စြာျပၾကပါစို႔ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Eaindra Kyaw Zin ‘s fb
Credit – Cele Connections

တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့အတွက် မိမိတို့ရဲ့ဆန္ဒဖော်ထုတ်မှုကို အပျော်သဘော မသက်ရောက်စေဖို့သတိပေးပြောကြားလိုက်တဲ့ အိန္ဒြာကျော်ဇင်

ရဲဘော်သုံးကျိပ် အဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်တေဇရဲ့ မျိုးဆက်ဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ကတော့ လက်ရှိမှာ သူမရဲ့ ခံယူချက် အတိုင်း စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နေလျက်ရှိပါတယ်။ ပြည်သူထဲက ပြည်သူ တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ဒီကနေ့မှာတော့ သူမရဲ့ ချစ်ပရိသတ်တွေနဲ့ လေးစားရတဲ့ မိဘပြည်သူတွေကို အကြံပြု စကားလေး တစ်ခွန်းပြောလာတာကို အခုလိုပဲ တွေ့ရပါတယ်။

“ကျွန်မအနေနဲ့ အကြံပြုချင်တာလေးပါရှင်။ ကျွန်မတို့ပြည်သူတွေ အားလုံး ဝတ်စုံတွေနဲ့ဖြစ်စေ၊ ဆိုင်းဘုတ်တွေနဲ့ဖြစ်စေ ကမ္ဘာက သိအောင် အမျိူးမျိူး လုပ်ခဲ့ကြပြီးပါပြီ။ လုပ်ခဲ့တဲ့ သူများအားလုံးကိုလည်း တကယ်ချီးကျူးပါတယ်။ International Media တွေမှာတွေ့ရတဲ့အခါမှာလည်း ကျေနပ်စရာကောင်းပါတယ်။ အခုတော့ရသင့်တဲ့ Media Attention ကိုလည်းရသွားပြီဖြစ်တဲ့ အတွက် အားလုံး သေချာအားပြန်မွေး၊ အနားယူပြီး မနက်ဖြန်ကစပြီး တစ်ခုတည်းရှိတဲ့ပန်းတိုင်ကို ရောက်အောင် တစ်စိုက်မတ်မတ်သွားကြရေ အာင်နော်။ ”

“ညီညွတ်တဲ့ ဆိုင်းဘုတ်တွေ သုံးဖို့ ၊ အပျော်သဘောဆောင်တဲ့ ဝတ်စားဆင်ယင်မှုကို ရှောင်ကျဉ်ဖို့၊ Truck ကားတွေပေါ်မှာ Speakers တွေနဲ့ သီချင်းတွေ အကျယ်ကြီး ဖွင့်တာမျိုး ခုန်ပေါက်နေတာမျိုးတွေ မလုပ်ဖို့ အရေးကြီး ပါတယ်ရှင်။ ဒီအချိန်မှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ အတွက် ပြည်သူတွေ အားလုံးက ဒီအာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှူံ့ချကြောင်းကို ညီညွတ်စွာပြကြပါစို့ရှင်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲ ပြောလာပါတယ်။

အိန္ဒြာကျော်ဇင် ကတော့ ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ စစ်စစ်ကို ရရှိနိုင်ဖို့ အတွက် ဆန္ဒပြတော်ငးဆိုနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ပြော သလို ဒီအာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှူံ့ချကြောင်းကို ညီညွတ်စွာပြကြပါစို့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Eaindra Kyaw Zin ‘s fb
Credit – Cele Connections

About the author

Ms Cele

Leave a Comment