Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Khine Hnin Wai

တစ်ကိုယ်လုံး ခြင်ကိုက်ဖုတွေနဲ့ စွန့်ပစ်ခံထားရတဲ့ (၄)လသားလေးကို ကယ်တင် မွေးစားခဲ့ပြန်တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား များတွင် ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေး မှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးရန် အမြဲအသင့်ရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလို လိုက်လံ ကူညီပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားကတော့ ချီးကျူးစရာပါပဲနော်။

ဒါ့အပြင် ခိုင်နှင်းဝေ ရင်သွေးလေး များဂေဟာ ဆိုပြီး ဂေဟာလေးတစ်ခုကို တည်ထောင် ထားကာ အကူအညီ လိုအပ်နေတဲ့ ကလေးလေးတွေကို မေတ္တာနဲ့ ဖေးမပြီး နွေးထွေးတဲ့ ရင်ခွင်တစ်စုံကိုပေးကာ စောင့်ရှောက်ပေးနေတာပါ ။ကလေးလေးတွေရဲ့ ပညာရေး ကျန်းမာရေး စတဲ့ ကိစ္စအဝ၀ မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။

အခုလည်း (၄) လအရွယ် သားလေး တစ်ယောက်ကို မွေးစားဖြစ်ခဲ့ပြန် ပါတယ်။ စွန့်ပစ်ခံထား ရတာကြောင့် တစ်ကိုယ်လုံး ခြင်ကိုက်ဖုတွေ နဲ့ အာဟာရ ပြတ်လပ် ကာ ဗိုက်တွေပူပြီး ပုံမှန် အခြေအနေ မျိုး မဟုတ်တဲ့ လေးလသားလေး ကို ကယ်တင် မွေးစားဖြစ်ခဲ့ကြောင်းကို ” အသက် တစ်ချောင်း ကယ်ဖြစ်ခဲ့ပါတယ်ရှင်..သနားစရာ စွန့်ပစ်ခံ (၄)လသား အရွယ် သားလေး ကို သွားရောက်ခေါ်ယူ မွေးစားဖြစ်ပါတယ်..ကလေးက တကိုယ်လုံး ခြင်ကိုက်ဖုတွေ နှင့် အာဟာရ ပြတ်လပ်ကာ ဗိုက်တွေပူပြီး ပုံမှန် အခြေအနေ မျိုး မဟုတ်တာလဲ တွေ့ရတဲ့အတွက် “ပါရမီ” အထူးကု ဆေးရုံသို့ တန်းပြကာ လိုအပ်တာများ ပြုလုပ်ခဲ့ပါတယ်..ကျမတို့ “ခိုင်” မိသားစု ရဲ့ အယောက် (၅၀) မြောက် သားလေး သက်ရှည်ကျန်းမာပါစေ…ကံကောင်းပါစေရှင်..”ခိုင်” မိသားစု မှ ကလေးတွေ အားလုံးကို မေတ္တာဖြင့် စမ်းသပ်ခ မယူပဲ အမြဲ ကြည့်ရှု့စောင့်ရှောက်ပေးပါသော ကလေး အထူးကု ပါရဂူ ဒေါက်တာ ဒေါ်ခင်ခင်ထား ဆရာဝန်မကြီးကို လဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်..”ဆိုပြီးအကြောင်းစုံရေးသာစဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment