Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Nay Dway

တစ်ချိန်ကဇာတ်ကားခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာဦးခင်စောမျိုးအတွက် အခြေခံစားသောက်ကုန်များအပြင် အလှူငွေများနဲ့ သွားရောက် ကန်တော့ကာ ကုသိုလ်ပြုခဲ့ပြန်တဲ့ နေဒွေး

နေဒွေး ကတော့ အနုပညာ လှုပ်ရှားမှုတွေကို ဆယ်စုနှစ်ကျော် တိုင်အောင် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။ မိဘကို လုပ်ကျွေး နေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ် မဆို လုပ်ကိုင်တိုင်း အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ အလှူရေစက်လက်နဲ့မကွာဆိုတဲ့ စကားအတိုင်း လိုအပ်တဲ့ နေရာတိုင်းသို့ကိုယ်တိုင်သွားရောက် ကုသိုလ်ယူနေသူ တစ်ယောက်ပါ ။

လတ်တလော အခြေအနေတွေမှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူများ အတွက် အခြေခံ စားသောက်ကုန်ပစ္စည်း များကို လှူဒါန်းပေးနေတာ ကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် အနုပညာလောကသားထဲက သက်ကြီးရွယ်အို များကိုလည်း ပြန်လည်ကြည့်ရှုကာ မွန်မြတ်တဲ့ အလှူလေးတွေလည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ် ။

အခုလည်း တစ်ချိန်က ဗီဒီယိုကားတွေ ရိုက်ခဲ့စဉ် အပြင်တိုက်ကနေခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးခင်စောမျိုး အတွက် အခြေခံစားသောက်ကုန် များအပြင် အလှူငွေများနဲ့ သွားရောက် ကန်တော့ကာ ကုသိုလ်ပြုခဲ့ပြန်ပါတယ် ။ အလှူနဲ့ ပတ်သက်ပြီး “ နေမကောင်းပေမဲ့ ကိုယ့်ထက်ကျန်းမာရေးချို့တဲ့ နေတဲ့ ဗီဒီယိုကားတွေရိုက်ခဲ့စဉ်က အပြင်တိုက်ကနေခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးခင်စောမျိုး အတွက် ဆန်, ဆီ နှင့် အလှုငွေ နဲ့ကန်တော့ခဲ့ပါတယ် အမြန်ဆုံးကျန်းမာပါစေ အသက်ရှည်ပြီးအနုပညာအလုပ်တွေအတူတွဲလုပ် ချင်ပါသေးတယ် လေးလေးရေ “ဆိုပြီး ရေးသားထားရာ ပရိသတ်ကြီးအတွက်နေဒွေးရဲ့ အလှူလေးကို ဝေမျှပေးရင်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Nay Dway

About the author

Ms Cele

Leave a Comment