Celebrity

တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြား ခဲ့တဲ့ ရွှေဆိုင်နဲ့Liveလွှင့်ရောင်းချ ပေးမယ့် ထက်ထက်မိုးဦး

Written by Ms Cele

တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြား ခဲ့တဲ့ ရွှေဆိုင်နဲ့Liveလွှင့်ရောင်းချ ပေးမယ့် ထက်ထက်မိုးဦး




Credit:Cele Gabar

တစ်ချိန်က ဒိ်တ်ဒိတ်ကြဲ အောင်မြင်ကျော်ကြား ခဲ့တဲ့ ရွှေဆိုင်နဲ့Liveလွှင့်ရောင်းချ ပေးမယ့် ထက်ထက်မိုးဦး

ထက်ထက် ကတော့ တစ်ချိန်တုန်း က ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ကြော်ငြာဘုရင်မ တစ်ပါးဖြစ်ခဲ့သလို ပရိသတ်ရဲ့ပါးစပ်ဖျား မှာလည်း ထက်ထက်ရဲ့ကြော်ငြာလေး တွေက ရေပန်းစားခဲ့တာ အမှန်ပါ။ လတ်တလော မှာလည်း အွန်လိုင်း Live ဘုရင်မ တစ်ပါးအဖြစ် အောင်မြင်မှုတွေပြန်လည် သိမ်းပိုက်လာတဲ့ ထက်ထက် ကတော့ စိန်ရွှေရတနာ ဆိုင်တွေ၊ ကားတွေ ၊ အိမ်ရာတွေ စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုတောင် သူ့ရဲ့စန်းနဲ့ သိန်းပေါင်း သောင်းချီအောင် ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ (၂၀၀၀) ခုနှစ်ဝန်းကျင် လောက်က ပရိသတ်တွေ စွဲစွဲမြဲမြဲကြိုက် ခဲ့တဲ့ ထက်ထက်ရဲ့ကြော်ငြာလေးဖြစ်တဲ့ ပန် ပန် ပန်ပန်ပန် ဆိုတဲ့ ရွှေစင် ရတနာရွှေဆိုင်လေးနဲ့ လက်တွဲရောင်းချ သွားမယ်လို့ သိရပါတယ်။ (၂၀၀၀) ခုနစ် ဝန်းကျင်က စလို့ ရွှေစင် နဲ့ ထက်ထက်မိုးဦး ထက်ထက်မိုးဦး နဲ့ ရွှေစင် ပန် ပန် ပန် ပန် ဆိုပြီး ပရိသတ်တွေရဲ့ စိတ်ထဲမှာ ခုထိ စွဲမြဲပြီးရှိနေမယ် လို့ ထင်ပါတယ်။ (၂၀၂၀) မှာလည်း ပရိတ်သတ်တွေ တောင်းဆိုသလို ထက် ရွှေစင် နဲ့ ပြန်လာပြီ။ည(၆) နာရီမှာ ထက်စောင့်နေမယ်။ ထက်ကိုချစ်ရင် အားပေးရမယ်နော် ပရိသတ်ကြီးကို တောင်းဆိုလာပါတယ်။

ဒါ့အပြင် ကံစမ်းမဲ အစီအစဉ်လေး အနေနဲ့ ဝယ်ယူသူ အယောက် (၁၀၀) ပြည့်တိုင်း (၄)သိန်းတန် OPPO Phone (၁)လုံး နှင့် ဝယ်ယူသူ အယောက် (၅၀) ပြည့်တိုင်း (၁) သိန်းတန် ပလက်တီနမ် လက်စွပ်(၁)ကွင်းကို မဲဖောက်ပေး သွားမှာဖြစ်လို့ ပျော်ပျော်ရွှင်ရွှင် ဈေးဝယ်ရင်း ကံစမ်းလို့ရမယ့်အပြင် Live ကို Like & Share လုပ်ပေးသူတွေအ တွက်လည်း ကံစမ်းမဲအစီအစဉ်တွေရှိကြောင်း သတင်း ကောင်းလေးကို မျှဝေခဲ့ပါတယ်။ ပရိသတ်ကြီးရေ တစ်ချိန်က ပန် ပန် ပန်ပန်ပန် ကြော်ငြာနဲ့ထက်ထက် ကတော့ ဒီနေ့မှာ ခေတ်သစ် ပန်ပန်လေး အနေနဲ့ Live လွှင့်ရောင်းချသွား မှာဖြစ်လို့ ထက်ထက်ရဲ့ Facebook Page လေးကိုစောင့်ကြည့်ဖို့ မမေ့ကြပါ နဲ့နော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment