Celebrity


Written by Ms Cele





Credit;Cele World

တစ်ချိန်တုန်းက ပုရိသအမျိုးသားတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သရုပ်ဆောင်သဇင်ရဲ့ လက်ရှိဘဝဇာတ်ကြောင်းလေးကို ပြောပြလာတဲ့ အေးသီတာရဲ့ ဗီဒီယို

တစ်ချိန်က လူငယ်တွေကြားမှာ ရေပန်းစား အောင်မြင်ခဲ့တဲ့ No အဖွဲ့ထဲက သဇင် ကိုတော့ လူတိုင်းသိကြမယ် ထင်ပါတယ်နော်.. သဇင်က ချိုသာတဲ့ အသံလေးနဲ့ သီချင်းဆိုတတ်တဲ့အပြင် စတိုင်လ်ကလည်း မိမိုက်နေတာကြောင့် မိန်းကလေးတွေရဲ့အိုင်ဒေါဆိုရင်လည်း မမှားပါဘူးနော်.. နောက်ပိုင်းမှာတော့စိတ်သဘောထားချင်းမတိုက်ဆိုင်မှုတွေကြောင့် အဖွဲ့ကွဲသွားပြီးတစ်ယောက်ထဲ သီချင်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့ပါသေးတယ်… အနုပညာအလုပ်တွေကို လုပ်ကိုင်နေရင်းနဲ့ပဲ သူမကအိမ်ထောင်ပြုပြီး ပြည်ပမှာ‌ နေထိုင်တယ်လို့ သိရပါတယ်နော်..

ခုချိန် မှာတော့ သဇင်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်ပြတ်လို့နေတာကြောင့် သဇင်နဲ့ ညီအစ်မတွေလို နေနေကြတဲ့ သရုပ်ဆောင်အေးသီတာ က သဇင်အ့ကြောင်း ကို ပြောပြာလာပါတယ်နော်…သဇင်က ခုလက်ရှိမှာ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင် ထားပြီး သာယာတဲ့မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတယ် လို့လည်း သိရပါတယ်။ သဇင်က ပြည်ပမှာမိတ်ကပ် သင်တန်းတက်ရောက်ပြီး ဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလည်း ပြန်လုပ်ချင်နေတယ်လို့လည်း သိရပါတယ်။

ခုချိန် မှာတော့ သဇင်က မိခင်တစ်ဦးဖြစ်နေတဲ့အတွက် တစ်ဦးတည်းသော သမီးဖြစ်တဲ့ သဇင်က ရင့်ကျက်တဲ့အလှနဲ့ မိခင်ကောင်းတစ်ဦး ဖြစ်နေမှာပါနော်… အနုပညာအလုပ်တွေနဲ့ဝေးကွာနတဲ့ သဇင့်ကိုချစ်တဲ့ ပရိသတ်တွေလည်း သဇင့်အကြောင်းလေးကို သိခွင့်ရလို့ကျေနပ်မယ်ထင်ပါတယ်နော်…

Source: Hall of Fame By Eleven
Credit;Cele World

About the author

Ms Cele

Leave a Comment