Celebrity


Written by Ms Cele





Credit:CELELUCKY

တစ်စုံတစ်ယောက်ရဲ့မဟုတ်မမှန်သတင်းဖြန့်မှုများကြောင့် ပရိသတ်တွေအထင်လွဲသွားမှာ စိုးထိတ်နေတဲ့ အဆိုတော် ရဲလေး

ပရိသတ်ကြီးရေ အဆိုတော်ရဲလေး ကတော့ သူ့ရဲ့ဇနီးနဲ့ ကွာရှင်းပြီး နောက်ပိုင်း မှာတော့ သီချင်းတွေကို ပြန်လည် သီဆို နေပါပြီနော်။ နွေဦးတော်လှန်ရေး တွင် ပါဝင်ခဲ့ပြီး အခြေအနေတွေကြောင့် ငြိမ်နေသူပါနော်။ သူနဲ့ပတ်သက်ပြီး ကောလဟာလတွေ ထွက်ရှိနေပေမယ့် တော်ရုံ ဖြေရှင်းလေ့မရှိသူပါနော်။

အခုလည်း ပြည်သူတွေ boycott လုပ်ထားတဲ့ Safe House Club ပိုင်ရှင်က သူ့ရဲ့ Facebook Myday တွင်ရဲလေးသီချင်းသီဆိုနေတဲ့ ပုံတစ်ပုံကို တင်ခဲ့တာပါနော်။ ဒီပုံကြောင့် ပရိသတ်တွေ တော်တော်များများ ရဲလေးကို အထင်မြင်လွဲ ခဲ့ကြတာပါနော်။ ဒါ့ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲလေး တစ်ယောက် ပြန်ဖြေရှင်းနေရပါပြီနော်။

” မိတ်ဆွေ သူငယ်ချင်းတွေ လာပြောတာများ လာလို့ပါ။ ကျွန်တော်တော်ရုံဆို မပြောတတ်ပါဘူး မလိုအပ်တဲ့ အထင်လွဲမှုတွေ မဖြစ်စေ ချင်ပါဘူး ၂၀၁၉ တုန်းက ကျွန်တော့် သူငယ်ချင်းတွေ ခဏ ခေါ်လို့ရောက်သွားခဲ့တဲ့ Safe House ပါ ။ အဲ့ကတည်းက ပထမဆုံးနဲ့နောက်ဆုံး ရောက်ခဲ့တယ်။ ပြန်ခါနီး ပရိသတ်တွေ နဲ့သူငယ်ချင်းတွေ တောင်းဆိုမှုနဲ့ သီချင်းနှစ်ပုဒ် ဖျော်ဖြေ ခဲ့ရပါတယ်။ ဘာကြောင့် ၂၀၁၉ တုန်းက ပုံအဟောင်းနဲ့ နာမည်ဖျက်ရသလဲတော့ မသိပါဘူးခင်ဗျာ။ အဲ့တုန်းကသူငယ်ချင်းတွေ ပရိသတ်တွေ မိတ်ဆွေတွေအတွက် အကောင်းဆုံး တင်ဆက်ပေးခဲ့ပါတယ် ဒါပါပဲ ” လို့ သေချာပြန်ဖြေရှင်းထား တာပါနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment