Celebrity
Written by Ms Cele
မနှစ်တုန်းကဆိုရင် သီချင်းလေးတွေ စဆိုတယ် ဘဝမှာခံစားချက် တွေအများကြီးပဲ ဆွဲခေါ်တဲ့သူက နည်းပါတယ် ပုတ်ချပစ်ခဲ့တာ အများကြီးပဲ အခု Live လွှင့်ပြီးဈေးရောင်း တော့လည်း အဲ့လိုပဲ ကိုယ့်ကိုလာမေးတယ် ငှားတဲ့အချိန်မှာ ပြန်ကြားရပါတယ် သင်းစိတ်မကောင်းဘူး Live လွှင့်တဲ့ချိန်မှာ သင်းသင်းကို ဒီလောက်နဲ့မေးပြီးသွားရင် ဟိုဘက်က ၃ နာရီကိုဘယ်လောက် ပဲပေးမယ် ဒီလောက်တော့ထားလိုက် ရောင်းရရင် Percentage နဲ့ပေးမယ် သင်းမလုပ်နိုင်ဘူး ရောင်းရတယ် မရောင်းရဘူးဆိုတာက သင်းတို့ အာမမခံပေးနိုင်ဘူး ဒါပွင့်ပွင့်လင်းလင်းပြောတာ
တစ်နာရီ ကို မြန်မာ ငွေ သုံးသိန်း သတ်မှတ် ထားတဲ့ အကြောင်း ပြောပြ လာ တဲ့ အလှမယ် သင်း သင်း
သရုပ်ဆောင် ဝေဠုကျော် အား တရားလိုဖြစ်သူ သင်းသင်းမှ ကာမ လိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် တရားရုံးမှာ စတင် တရားစွဲ ဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။ ယခုကိုဗစ်ကာလမှာတော့ အနုပညာရှင်အများစုဟာ ဝင်ငွေရပ်တန့်သွားကာ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ဒီလိုရုန်းကန်ရတဲ့ထဲမှာ သင်းသင်းလည်းပါဝင်လာခဲ့ပါတယ်
ဒီလိုမျိုးအခက်အခဲတွေ ရှိနေပေမယ့် သင်းသင်း က သူမ အနေနဲ့ Live Sale ရောင်းပေးဖို့ လာရောက်ကမ်း လှမ်းရာမှာ တနာရီ သုံးသိန်း သတ်မှတ်ထားတဲ့အကြောင်းနဲ့ ဒီလိုသတ်မှတ်ထားတဲ့အပေါ်မှာ အပုပ်ချတဲ့သူတွေရှိ လာတဲ့အကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ် ။
သင်းသင်းက ” သင်းလောလော ဆယ် Live Sale လက်မခံထားဘူး တချို့နေရာတွေကြ အရမ်းဝေး တယ် တချို့ကြတော့ ကိုယ့် Partner တွေနဲ့ကိုယ်သွားတာတွေ ရှိတယ် နည်းနည်းတော့ မရှိမာနလေးတော့ရှိတယ် Live လွှင့်ရင်လည်း လာငှားတဲ့သူတိုင်းကို မလိုက်ဖြစ်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ အခုဘယ်လိုလူတွေက ဘယ်လိုလွှင့်နေကြလဲ သင်းမသိဘူး ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေရတာဆိုတော့လေ Live လွှင့်တယ်ဆိုတာက မလွယ်ဘူး အဝတ်အစားဖိုး ရှိမယ် မိတ်ကပ်ဖိုးရှိမယ် သင်းမှာကိုယ်ပိုင်ကားမရှိဘူး Taxi ခရှိမယ်
Live လွှင့်တယ်ဆိုတာက ကိုယ့်ရဲ့အနုပညာကြေးလေး သတ်မှတ်ရတာ ရှိတယ် တစ်သိန်းလား နှစ်သိန်းလား သုံးသိန်း လားပေါ့ ဒါတွေက တစ်ဖက်က နစ်နာဖို့လည်းမရှိပါဘူး အဲ့ဒါကြီးကို အလကားလိုက် လုပ်ပေးပြီး Percentage နဲ့ယူခိုင်းတယ် သင်းသတ်မှတ်ထား တဲ့နှှုန်းက တနာရီကို ၃ သိန်း နောက်ပိုင်းမှာ တစ်နာရီ ပိုချင်လည်း ပိုမယ် မေတ္တာဖြင့် ထပ်ပြီး Live လွှင့်ပေးလို့ရတယ်။ ဒါက တနာရီ ၃ သိန်းကတော့ သင်းသတ်မှတ်ထားတဲ့ တန်းတစ်ခုပေါ့။
မနှစ်တုန်းကဆိုရင် သီချင်းလေးတွေ စဆိုတယ် ဘဝမှာခံစားချက် တွေအများကြီးပဲ ဆွဲခေါ်တဲ့သူက နည်းပါတယ် ပုတ်ချပစ်ခဲ့တာ အများကြီးပဲ အခု Live လွှင့််ပြီးဈေးရောင်း တော့လည်း အဲ့လိုပဲ ကိုယ့်ကိုလာမေးတယ် ငှားတဲ့အချိန်မှာ ပြန်ကြားရပါတယ် သင်းစိတ်မကောင်းဘူး Live လွှင့်တဲ့ချိန်မှာ သင်းသင်းကို ဒီလောက်နဲ့မေးပြီးသွားရင် ဟိုဘက်က ၃ နာရီကိုဘယ်လောက် ပဲပေးမယ် ဒီလောက်တော့ထားလိုက် ရောင်းရရင် Percentage နဲ့ပေးမယ် သင်းမလုပ်နိုင်ဘူး ရောင်းရတယ် မရောင်းရဘူးဆိုတာက သင်းတို့ အာမမခံပေးနိုင်ဘူး ဒါပွင့်ပွင့်လင်းလင်းပြောတာ
သင်းသည် ကိုယ့်ကိုငှားတဲ့သူကို ကိုယ့် Wall ကနေ ပြန်လွှင့်ပေးတယ် ကိုယ့်ကိုချစ်နေကြတဲ့သူ တွေက အားပေးကြတယ် အဲ့ဒီ အတွက်တော့ သင်းကြိုးစားပေးတယ် ကိုယ့်ကို အမြဲအားပေးနေတဲ့ သူတွေအကုန်လုံးကိုတော့ သင်းအမြဲတမ်းကြိုးစား ပေးတယ် ဒါကြောင့် Live လွှင့်ဖို့ ခေါ်တိုင်း သင်းမလိုက်ပါဘူး သင်းက တစ်နေ့လုပ်မှ တနေ့စားရတာ သင်းဒီ Live ကြီးအလကားလွှင့်ပေးလို့ အဲ့လိုရောင်းရမှ ပေးမယ်ဆိုရင် မရောင်းရဘူးဆို သင်းဘာဖြစ်သွားမလဲ မိတ်ကပ်ဖိုးတွေကားဖိုးတွေက အကြွေးထပ်တင်အုန်းမယ်
ဒါကြောင့်တချို့တွေလည်း သင်းကိုနားလည်ပေးပါ သင်းတနာရီကို ၃ သိန်းသတ်မှတ်ထားတယ် သင်းအဆင်ပြေရင် တညလုံးလွှင့်ချင်လွှင့်ပေး လိုက်မယ် ဒီလိုမျိုးသင်းသင်းကို အပုပ်ချပြောဆိုပြီး ပွဲလေးတွေ လုသွားတဲ့အပေါ်မှာ သင်းသင်းက ဘာမှမပြောပါဘူး ဒိလိုမျိုးတိုက်ခိုက်ပေးကြတဲ့အတွက်လည်း
ကျေးဇူးပါလို့ပဲပြောချင်ပါတယ် လို့ ပြောလာခဲ့တာပါ။
သင်းသင်းကတော့ Live Sale ရောင်းပေးဖို့ ကမ်းလှမ်းသူတွေနဲ့ တွေ့ကြုံရတဲ့ ပြဿနာလေး တွေကို ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်နော်။ အဆုံးထိဖတ်ရှုပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။
Credit: Shwe Yaung Myanmar
About the author
Ms Cele
Leave a Comment