Celebrity


Written by Ms Cele






တစ်အိမ်တည်းအတူနေပြီး ချစ်ဇနီး ကို အချိန်ပေး ဖြစ်နေတယ် ဆိုတဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးရဲ့ စကားကို စနောက် ကျီစယ် ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ပြည်သူချစ် အနုပညာရှင် စုံတွဲဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံ ကတော့ အကယ်ဒမီ ဆုကြီးတွေများစွာနဲ့ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားကြသူများ ဖြစ်ကြပါတယ်။ အနုပညာ မှာလည်း ပြိုင်ဘက် ကင်းအောင်မြင်မှုတွေ ရရှိနေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ကတော့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီးလည်း သားတစ်ယောက် သမီးတစ်ယောက် နဲ့ သာယာ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက် ထားကြတာပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ကတော့ အနုပညာအလုပ်တွေ အပြင် စီးပွားရေးနဲ့ လူမှုရေးအလုပ် တွေမှာပါ အားသွန်ခွန်စိုက် လုပ်ကိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းတွေကို ရပ်နားထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ကတော့ အားလပ်ချိန်တွေ တော်တော်များများ ရရှိနေတာကြောင့် အိမ်မှာပဲ သားနဲ့သမီးကို ဂရုစိုက်စောင့်ရှောက် ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြေတီဦးက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ “အချစ်ကို အချိန်ပေးခြင်း…😊😊😊😍😍😍” ဆိုပြီး ဇနီးမောင်နှံနှစ်ယောက် အပြင်ရောက်နေတဲ့ ပုံရိပ်လေးကို မျှဝေခဲ့ရာ အိန္ဒြာကျော်ဇင်က “ဟယ်…အချိန်ပေးတယ်,ထူးဆန်းလိုက်တာ😜စကားမစပ် နှစ်ယောက်လုံး အကြည့်တွေမိုက်တယ်နော်🤣🤣” ဆိုပြီး ချစ်ခင်ပွန်းကို ပြန်လည်စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ တစ်အိမ်တည်း အတူနေပြီး တစ်နေကုန်တွေ့ နေရတဲ့ ချစ်ဇနီးကို အချိန်ပေးဖြစ်နေတယ် ဆိုတဲ့ ပြေတီဦးရဲ့ ထူးထူးဆန်းဆန်း စကားကို စနောက် အရွှန်းဖောက် ခဲ့တာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ကတော့ အိမ်ထောင် သက်တွေ ဘယ်လောက် ကြာသွား ကြာသွား တစ်ယောက်ကို တစ်ယောက် စစနောက်နောက် နဲ့ ဂရုစိုက်ကြတာ အရမ်း ချစ်စရာကောင်း တာပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment