Celebrity


Written by Ms Cele






တစ်ဦးတည်းသောအစ်ကိုကြီး အတွက် ငယ်ငယ်က ဓာတ်ပုံလေး တွေနဲ့ ဆေးထိုး စနောက်ပြီး မွေးနေ့ဆုတောင်း ပေးလာတဲ့ Bobby Soxer

Rap သီချင်း တွေကို ကိုယ်တိုင်ရေးပြီး သီဆိုတတ်တဲ့ အဆိုတော်မလေး Bobby Soxer ကတော့ လူငယ် ပရိသတ်တွေရဲ့ အားပေးခြင်း ကို အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ Bobby Soxer ကတော့ ချစ်သူလွှမ်းပိုင် ထက် အသက်ငယ်ရွယ်သူ ပီပီ ချစ်သူအပေါ် ကလေးဆိုးလေး တစ်ယောက်ဆို ဆိုးသလို မိသားစုရဲ့ အငယ်ဆုံးလေး ပီပီ တစ်အိမ်လုံးကို နွဲ့ဆိုးဆိုး ဗိုလ်ကျတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ Bobby Soxer ရဲ့အစ်ကို အဆိုတော် စိုးလင်းဖြိုး ကလည်း ညီမလေး အပေါ် အရမ်းချစ်ပြီး မျက်နှာတစ်ချက် မညှိုးအောင် အလိုလိုက်ရှာသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ကတော့ Bobby Soxer ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးအစ်ကို အဆိုတော် စိုးလင်းဖြိုးရဲ့ (၃၂) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Bobby Soxer က သူမရဲ့ အစ်ကို စိုးလင်းဖြိုး အတွက် မွေးနေ့လေး အတွက် စိုးလင်းဖြိုးရဲ့ ငယ်ငယ်က ဓာတ်ပုံလေးနဲ့ အတူတူ ဆေးထိုးစနောက် ကျီစယ်ရင်း ပရိသတ်တွေအတွက်လည်း သူမတို့ မောင်နှမနှစ်ယောက်ရဲ့ ငယ်ဘဝ ပုံရိပ်လေးကို ပြသလာခဲ့ပါတယ်။

Bobby Soxer ကတော့ စိုးလင်းဖြိုး အတွက် ဆေးထိုးစနောက်ပြီး မွေးနေ့ဆုတောင်း ပေးလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Bobby Soxer တို့ မောင်နှမနှစ်ယောက်ရဲ့ ငယ်ဘဝပုံရိပ်လေး တွေကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး လည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment