Celebrity

တစ္ဦးတည္းေသာ ေမာင္ေလးဆီက ေမြးေန႕ဆုေတာင္းစကား အႀကီးႀကီးကို ရရွိခဲ့တဲ့ သင္ဇာ၀င့္ေက်ာ္

Written by Ms Cele

တစ္ဦးတည္းေသာ ေမာင္ေလးဆီက ေမြးေန႕ဆုေတာင္းစကား အႀကီးႀကီးကို ရရွိခဲ့တဲ့ သင္ဇာ၀င့္ေက်ာ္

သရုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ ကေတာ့ လြတ္လပ္သူ တစ္ေယာက္ပီပီ သူမကိုယ္ သူမလည္း ဘာကိုမွ ထိန္းခ်ဳပ္ထားျခင္း မရိွပဲ ေပါ့ေပါ့ပါးပါး ေနတတ္သူ တစ္ေယာက္ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ရဲ့ မိသားစု ကလည္း သင္ဇာဝင့္ေက်ာ္ အေပၚ နားလည္မႈအျပည့္ေပး ထားျပီး သင္ဇာတစ္ေယာက္ စိတ္ခ်မ္းသာ ေစဖို့ကိုသာ ျဖည့္စည္းေပးေနတာပဲ ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ ကလည္း အသက္သံုးဆယ္ေက်ာ္ အရြယ္အထိ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္း အပ်ိဳၾကီးအျဖစ္ မိသားစုနဲ့ အတူတူ ေနထိုင္ေနဆဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၄) ရက္ေန့ကေတာ့ သင္ဇာဝင့္ေက်ာ္ ရဲ့ အသက္ (၃၃) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ ကေတာ့ သူမရဲ့ ေမြးေန့မွာ မိသားစု၊ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ့ အစ္မျဖစ္သူ ေအးခ်စ္ခ်စ္ေက်ာ္ဆီက အမွတ္တရ ေမြးေန့ ဆုေတာင္းေတြရရိွခဲ့ျပီး ေမာင္ အငယ္ဆံုးေလး ညီဆက္ေက်ာ္ဆီက “Happy birthday my sister. ဖြားႀကီးျဖစ္တဲ့ထိ ကဲႏိုင္ပါေစဗ်ာ။ 🥳😬🤣” ဆိုျပီး ေမြးေန့ဆုမြန္ေကာင္းရရိွခဲ့တာပဲ ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္ရဲ့ ေမာင္ေလး ကေတာ့ မင္းသားတစ္ေယာက္လို ေခ်ာေမာတဲ့ ရုပ္ရည္မ်ိဳးကို ပိုင္ဆိုင္ထား တာေၾကာင့္ ပရိသတ္ေတြရဲ့ စိတ္ဝင္စားျခင္းခံ ရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သင္ဇာကလည္း သူမရဲ့ မိသားစုနဲ့တကြ ေမာင္ေလးညီဆက္ေက်ာ္နဲ့ သူ့ရဲ့ သားေလးရဲ့ ပံုရိပ္ကို မၾကာခဏ ခ်ျပတတ္တာမုိ့ ပရိသတ္ေတြနဲ့ မစိမ္းေလာက္ ဘူးလို့ ထင္ပါတယ္။ သင္ဇာ တစ္ေယာက္ ေမာင္ေလး ညီဆက္ေက်ာ္ ေတာင္းတဲ့ဆု ေတြနဲ့ တစ္လံုးတစ္ဝၾကီးျပည့္စံုပါေစလို့ ဆႏၵျပဳလုက္ ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

တစ်ဦးတည်းသော မောင်လေးဆီက မွေးနေ့ဆုတောင်းစကား အကြီးကြီးကို ရရှိခဲ့တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ လွတ်လပ်သူ တစ်ယောက်ပီပီ သူမကိုယ် သူမလည်း ဘာကိုမှ ထိန်းချုပ်ထားခြင်း မရှိပဲ ပေါ့ပေါ့ပါးပါး နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ မိသားစု ကလည်း သင်ဇာဝင့်ကျော် အပေါ် နားလည်မှုအပြည့်ပေး ထားပြီး သင်ဇာတစ်ယောက် စိတ်ချမ်းသာ စေဖို့ကိုသာ ဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကလည်း အသက်သုံးဆယ်ကျော် အရွယ်အထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် မိသားစုနဲ့ အတူတူ နေထိုင်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၄) ရက်နေ့ကတော့ သင်ဇာဝင့်ကျော် ရဲ့ အသက် (၃၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကတော့ သူမရဲ့ မွေးနေ့မှာ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အစ်မဖြစ်သူ အေးချစ်ချစ်ကျော်ဆီက အမှတ်တရ မွေးနေ့ ဆုတောင်းတွေရရှိခဲ့ပြီး မောင် အငယ်ဆုံးလေး ညီဆက်ကျော်ဆီက “Happy birthday my sister. ဖွားကြီးဖြစ်တဲ့ထိ ကဲနိုင်ပါစေဗျာ။ 🥳😬🤣” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ မောင်လေး ကတော့ မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထား တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံ ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာကလည်း သူမရဲ့ မိသားစုနဲ့တကွ မောင်လေးညီဆက်ကျော်နဲ့ သူ့ရဲ့ သားလေးရဲ့ ပုံရိပ်ကို မကြာခဏ ချပြတတ်တာမို့ ပရိသတ်တွေနဲ့ မစိမ်းလောက် ဘူးလို့ ထင်ပါတယ်။ သင်ဇာ တစ်ယောက် မောင်လေး ညီဆက်ကျော် တောင်းတဲ့ဆု တွေနဲ့ တစ်လုံးတစ်ဝကြီးပြည့်စုံပါစေလို့ ဆန္ဒပြုလုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment