Celebrity
Written by Ms Cele
တစ်နေ့တစ်မျိုးမရိုးရတဲ့ ကမ္ဘာကျော်campaign တွေနဲ့ ခင်များတို့ကိုနားရွက် တံထွေးဆွတ်စိန်ခေါ်နေတယ်ဆိုတာကိုတော့ နားလည်လောက်မယ် ထင်ပါတယ်လို့ ပြောလိုက်တဲ့ မင်းမော်ကွန်း
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို အဆိုတော် တစ်ယောက်လည်းဖြစ်တဲ့ မင်းမော်ကွန် းကတော့ လက်ရှိမှာ ဒီမိုကရေစီတိုက်ပွဲမှာ စွမ်းစွမ်းတမံပါဝင်လှုပ်ရှားနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သားသမီးသုံးယောက် ဖခင်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့သားသမီးတွေ နဲ့တကွ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်အတွက် တရားမျှတမှုကို တောင်းဆိုနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ မရိုးနိုင်တဲ့ ကမ္ဘာကျော် Campaign တွေနဲ့ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေရဲ့အကြောင်းကို မင်းမော်ကွန်းကတော့ အားရကျေနပ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။
မင်းမော်ကွန်းက “မျိုးဆက်သစ်လူငယ်များကို လျောှ့မတွက်စေချင်ပါ။ တစ်နေ့တစ်မျိုးမရိုးရတဲ့ ကမ္ဘာကျော် campaign တွေနဲ့ ခင်များတို့ကို နားရွက် တံထွေးဆွတ်စိန်ခေါ်နေတယ် ဆိုတာကိုတော့ နားလည်လောက်မယ် ထင်ပါရဲ့နော်။အဲ့ဒါတွေက ခင်များတို့ လက်နက်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်လို့မရဘူးလို့ သတိပေးနေတယ်ဆိုတာကိုလည်း သိလောက်မယ် မျှော်လင့်ပါတယ်။ ညီညွတ်မှုရဲ့အင်အား ခောတ်မှီနည်းပရိယာယ်၊ ပြောင်းလဲလာတဲ့ အတွေးအခေါ်တွေကို လိုက်မှီအောင်ကြိုးစားဖို့ စေတနာအရင်းခံနဲ့သတိပေးပါရစေ။ ဒါတောင်ပြည်တွင်း အင်အားပဲရှိသေးတယ်ဆိုတာကိုလည်း သဘောပေါက်စေချင်တယ်။ ခင်များတို့တောင် တရုပ်အားကိုးထမိန်သူခိုး လုပ်ခဲ့တာပဲလေ။ ရှေ့ဆက်ပြီးကံကောင်းကြပါစေလို့မေတ္တာပို့သ လိုက်ပါတယ်။ လုံးစုံများစွာ အာဏာရှင်မပါ ချမ်းသာကိုယ်စိတ်မြဲပါစေ”ဆိုပြီး ပြောလာပါတယ်။
မင်းမော်ကွန်း ကတော့ တစ်နေ့တစ်မျိုး မရိုးရတဲ့ ကမ္ဘာကျော် Campaign တွေနဲ့ စိန်ခေါ်မှုတွေပြုလုပ်နေတဲ့ မျိုးဆက်သစ် လူငယ်တွေကို လျှော့မတွက်စေချင်ဘူးဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Kyaw Kyaw Htay Lwin ‘s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment