Celebrity


Written by Ms Cele





Credit – Cele Zone

တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာတဲ့သမီးလေးကို လက်ကမချနိုင်အောင် အသည်းတွေယားနေတဲ့ မေမေခင်လွှမ်း

မော်ဒယ်လ် ခင်လွှမ်း ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာ စိုက်ထူ ထားနိုင်တာဖြစ်ပြီး အောင်မြင်မှုတွေလည်း တစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်ပါ။ ကောက်ကြောင်းလှပြီး တောင့်တင်းတဲ့ ကိုယ်ခန္ဓာနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ခင်လွှမ်းတစ်ယောက် အိမ်ထောင်ကျပြီးသည့်အချိန်အထိ ပုရိသပရိသတ်တွေရဲ့ အားပေးအချစ်ပိုမှုကို ရရှိနေဆဲဖြစ်ပါတယ်။

ခင်ပွန်းသည် စည်ဖြိုး ကလည်း ဇနီးသည်အပေါ် သဘောထားကြီးပြီး နားလည် ဂရုစိုက်သူဖြစ်လို့ ခင်လွှမ်းရဲ့ ဘဝလေးက ပြီးပြည့်စုံပြီး အေးချမ်းပါတယ်နော်။ဒါ့အပြင် ယောက္ခမဖြစ်သူကလည်း သမီးအရင်းလေးလို ဂရုစိုက်ပြီး သည်းသည်းလှုပ်အချစ်ပိုတာဖြစ်လို့ ခင်လွှမ်းကို မိန်းကလေးတိုင်း အားကျနေရ တာလည်းဖြစ်ပါတယ်

ခုဆိုရင် ချစ်စရာ သမီးလေးပါသူတို့ ဘဝထဲကိုရောက်ရှိလာပီ ဖြစ်လို့ ပိုလို့တောင် ပျော်ရွှင်နေကြတာပါ။ သမီးလေးရဲ့ နာမည်လေး ကိုလည်း ကိန္ဒရီရွှေရည်လို့ အမည်ပေးထားတယ် လို့လည်း သိရပါတယ်။ အခုလည်း ခင်လွှမ်းက သမီးလေးကို ပွေ့ချီကာ လက်ကမချနိုင်အောင် အသည်းတွေ ယားနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားရာ သားအမိနှစ်ယောက်လုံး ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone

About the author

Ms Cele

Leave a Comment