Celebrity

တစ္ေန႕ထက္တစ္ေန႕ဆိုးရြားလာတဲ့ နိုင္ငံေရးအေျခအေနေတြ အျမန္ဆုံးၿငိမ္းဖို႔ ဘုရားမွာ ဆီမီးကပ္ကာ ဆုေတာင္းေနခဲ့တဲ့ ပိုးၾကာျဖဴခင္

Written by Ms Cele

တစ္ေန႕ထက္တစ္ေန႕ဆိုးရြားလာတဲ့ နိုင္ငံေရးအေျခအေနေတြ အျမန္ဆုံးၿငိမ္းဖို႔ ဘုရားမွာ ဆီမီးကပ္ကာ ဆုေတာင္းေနခဲ့တဲ့ ပိုးၾကာျဖဴခင္

သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ ကေတာ့ ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ နိုင္ငံေရး အေျခအေနေတြမွာ တစ္တပ္ တစ္အား အေနနဲ႔ ပါဝင္ေနတဲ့ ျပည္သူထဲက ျပည္သူ တစ္ေယာက္ပါ။ရက္ေပါင္းမ်ားစြာ ၾကာျမင့္ ေနၿပီျဖစ္တဲ့ နိုင္ငံေရး အေျပာင္းအလဲမွာ ေသြးေအးမသြားပဲ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေနတဲ့ ပိုးၾကာျဖဴခင္က ယခုအခ်ိန္ထိလည္း တတ္နိုင္တဲ့ဘက္ကေန ပါဝင္အားျဖည့္ေနတာကို ေတြ႕ရပါတယ္။

ပိုးၾကာျဖဴခင္က သူမ ကိုယ္တိုင္လည္း လမ္းေပၚထြက္ၿပီး ျပည္သူ ေတြနဲ႔အတူ လူထုလႈပ္ရွားမႈႀကီးမွာ ပါဝင္ခဲ့သလို လိုအပ္တဲ့ ေနရာေတြမွာလည္း တတ္စြမ္းသေလာက္ အလႉျပဳေနခဲ့ တာပါ။ဒါ့အျပင္ အားေပးသူ Follower မ်ားတဲ့ သူမရဲ့ Facebook Account ထက္မွာလည္း လက္ရွိအေျခအေနနဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာေတြကို အမ်ားျပည္သူသိရေအာင္ တင္ေပးေလ့ရွိတာျဖစ္ပါတယ္။

အရင္ကထက္ ပိုမိုဆိုးရြား လာတဲ့ နိုင္ငံေရးေၾကာင့္ ပိုးၾကာျဖဴခင္က ဘုရားကို သြားေရာက္ၿပီး ျမန္မာနိုင္ငံႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းဖို႔အတြက္ ဆုေတာင္းေပးေနခဲ့ပါတယ္။ ပိုးၾကာျဖဴခင္က ဘုရားမွာ ဆီမီးမ်ားကို ပူေဇာ္ကာ ဝတ္ျပဳဆုေတာင္းေနတဲ့ ပုံေတြအျပင္ ” ငိုစရာ မ်က္ရည္ေတြလဲ မက်န္ေတာ့ဘူး ဒီေလာက္နဲ႔ပဲေက်နပ္ၾကပါေတာ့ ” ဆိုတဲ့ စာသားကိုလည္း ေရးသား ေတာင္းဆိုခဲ့ ပါေသးတယ္။ တတ္နိုင္တဲ့ ဘက္ကေန နိုင္ငံအတြက္ စြမ္းစြမ္းတမံ ကူညီအားျဖည့္ေပး ေနတဲ့ ပိုးၾကာျဖဴခင္ရဲ့ ပုံေတြကို ကူးယူၿပီး ပရိသတ္ေတြထံ ေဖာ္ျပေပး လိုက္ပါတယ္။

Credit

တစ်နေ့ထက်တစ်နေ့ဆိုးရွားလာတဲ့ နိုင်ငံရေးအခြေအနေတွေ အမြန်ဆုံးငြိမ်းဖို့ ဘုရားမှာ ဆီမီးကပ်ကာ ဆုတောင်းနေခဲ့တဲ့ ပိုးကြာဖြူခင်

သရုပ်ဆောင် ပိုးကြာဖြူခင် ကတော့ ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေမှာ တစ်တပ် တစ်အား အနေနဲ့ ပါဝင်နေတဲ့ ပြည်သူထဲက ပြည်သူ တစ်ယောက်ပါ။ရက်ပေါင်းများစွာ ကြာမြင့် နေပြီဖြစ်တဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သွေးအေးမသွားပဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ ပိုးကြာဖြူခင်က ယခုအချိန်ထိလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတာကို တွေ့ရပါတယ်။

ပိုးကြာဖြူခင်က သူမ ကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူ တွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့ နေရာတွေမှာလည်း တတ်စွမ်းသလောက် အလှူပြုနေခဲ့ တာပါ။ဒါ့အပြင် အားပေးသူ Follower များတဲ့ သူမရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အများပြည်သူသိရအောင် တင်ပေးလေ့ရှိတာဖြစ်ပါတယ်။

အရင်ကထက် ပိုမိုဆိုးရွား လာတဲ့ နိုင်ငံရေးကြောင့် ပိုးကြာဖြူခင်က ဘုရားကို သွားရောက်ပြီး မြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့အတွက် ဆုတောင်းပေးနေခဲ့ပါတယ်။ ပိုးကြာဖြူခင်က ဘုရားမှာ ဆီမီးများကို ပူဇော်ကာ ဝတ်ပြုဆုတောင်းနေတဲ့ ပုံတွေအပြင် ” ငိုစရာ မျက်ရည်တွေလဲ မကျန်တော့ဘူး ဒီလောက်နဲ့ပဲကျေနပ်ကြပါတော့ ” ဆိုတဲ့ စာသားကိုလည်း ရေးသား တောင်းဆိုခဲ့ ပါသေးတယ်။ တတ်နိုင်တဲ့ ဘက်ကနေ နိုင်ငံအတွက် စွမ်းစွမ်းတမံ ကူညီအားဖြည့်ပေး နေတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံတွေကို ကူးယူပြီး ပရိသတ်တွေထံ ဖော်ပြပေး လိုက်ပါတယ်။

Credit

About the author

Ms Cele

Leave a Comment