Celebrity

တစ္ေယာက္တည္း ရိွခ်င္လို့ ဘယ္သူမမေျပာပဲ ရဟန္း၀တ္ တာပါလို႕ ေျပာျပလာတဲ့ ပိုင္တံခြန္

Written by Ms Cele

တစ္ေယာက္တည္း ရိွခ်င္လို့ ဘယ္သူမမေျပာပဲ ရဟန္း၀တ္ တာပါလို႕ ေျပာျပလာတဲ့ ပိုင္တံခြန္

ျပည္သူခ်စ္အနုပညာ တစ္ေယာက္ျဖစ္တဲ့ ပိုင္တံခြန္ ကေတာ့ သရုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္သလို အဆိုေတာ္ တစ္ေယာက္အျဖစ္လည္း ရပ္တည္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ ရုပ္ရည္ေခ်ာေမာသလို စကားေျပာလည္း ေျပျပစ္လိမၼာတဲ့ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ လူၾကီး၊ လူငယ္ ပရိသတ္မေရြးခ်စ္ခင္အားေပးမႈကို ရရိွပိုင္ဆိုင္ထားသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ပိုင္တံခြန္က ကိုယ့္ကိုကိုယ္နွိမ္ခ်ျပီးေနတတ္တာေၾကာင့္ ထင္ေပၚေက်ာ္ၾကားျပီး တစ္ေန့တစ္ျခား ေအာင္ျမင္လာသူျဖစ္ေပမယ့္ သာမာန္လူတစ္ေယာက္အျဖစ္သာ ေပါ့ေပါ့ပါးပါးေနထိုင္တတ္တာ ပရိသတ္ၾကီးလည္း သိျပီးသား ျဖစ္မွာပါ။

ျပီးခဲ့တဲ့ ရက္သတၱပတ္ အတြင္းက ရဟန္းခံ သကၤန္းစည္းခဲ့တဲ့ ပိုင္တံခြန္က ပရိသတ္ေတြကို အသိမေပးပဲ ရဟန္းဝတ္ခဲ့တဲ့ အေၾကာင္းကို ေျပာျပလာပါတယ္။ “လူျပန္ထြက္ပါျပီခင္ဗ်ာ။ ကြ်န္ေတာ္ ရန္ကုန္မွာ (၁) ရက္ဝတ္ျဖစ္တယ္။ ျမဝတီမွာ (၁၀) ရက္ဝတ္ျဖစ္ခဲ့တယ္။ ၾကာၾကာဝတ္ မလို့ပါပဲ။ အလုပ္ေတြလည္း မျပတ္ေသးလို့ အေမလည္းျပန္ေခၚေနေတာ့ ျပန္ထြက္လာတာ။ တစ္ေယာက္တည္းရိွခ်င္လို့ ဘယ္သူမမေျပာမိ ပရိသတ္ေတြကိုလည္း မေျပာမိတာ Sry ပါ” ဆိုျပီး ေျပာျပလာခဲ့ပါတယ္။

ပိုင္တံခြန္ ကေတာ့ တစ္ေယာက္တည္း ေအးေအးေဆးေဆးရိွေန ခ်င္တာေၾကာင့္ ဘယ္သူ့ကိုမွ အသိမေပးပဲ ရဟန္းခံခဲ့တာပဲ ျဖစ္တယ္လုိ့ ပြင့္ပြင့္လင္းလင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ပိုင္တံခြန္ကေတာ့ သာသနာ့ေဘာင္ ဝင္တဲ့ (၁၁) ရက္တာ အတြင္းမွာ တရားထူး တရားျမတ္ ရရိွပိုင္ဆိုင္ခဲ့မွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Paing Takhon’s fb
Credit:Cele Connections

တစ်ယောက်တည်း ရှိချင်လို့ ဘယ်သူမမပြောပဲ ရဟန်းဝတ် တာပါလို့ ပြောပြလာတဲ့ ပိုင်တံခွန်

ပြည်သူချစ်အနုပညာ တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန် ကတော့ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်သလို အဆိုတော် တစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို စကားပြောလည်း ပြေပြစ်လိမ္မာတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ လူကြီး၊ လူငယ် ပရိသတ်မရွေးချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပိုင်တံခွန်က ကိုယ့်ကိုကိုယ်နှိမ်ချပြီးနေတတ်တာကြောင့် ထင်ပေါ်ကျော်ကြားပြီး တစ်နေ့တစ်ခြား အောင်မြင်လာသူဖြစ်ပေမယ့် သာမာန်လူတစ်ယောက်အဖြစ်သာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်တာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက ရဟန်းခံ သင်္ကန်းစည်းခဲ့တဲ့ ပိုင်တံခွန်က ပရိသတ်တွေကို အသိမပေးပဲ ရဟန်းဝတ်ခဲ့တဲ့ အကြောင်းကို ပြောပြလာပါတယ်။ “လူပြန်ထွက်ပါပြီခင်ဗျာ။ ကျွန်တော် ရန်ကုန်မှာ (၁) ရက်ဝတ်ဖြစ်တယ်။ မြဝတီမှာ (၁၀) ရက်ဝတ်ဖြစ်ခဲ့တယ်။ ကြာကြာဝတ် မလို့ပါပဲ။ အလုပ်တွေလည်း မပြတ်သေးလို့ အမေလည်းပြန်ခေါ်နေတော့ ပြန်ထွက်လာတာ။ တစ်ယောက်တည်းရှိချင်လို့ ဘယ်သူမမပြောမိ ပရိသတ်တွေကိုလည်း မပြောမိတာ Sry ပါ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ပိုင်တံခွန် ကတော့ တစ်ယောက်တည်း အေးအေးဆေးဆေးရှိနေ ချင်တာကြောင့် ဘယ်သူ့ကိုမှ အသိမပေးပဲ ရဟန်းခံခဲ့တာပဲ ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုင်တံခွန်ကတော့ သာသနာ့ဘောင် ဝင်တဲ့ (၁၁) ရက်တာ အတွင်းမှာ တရားထူး တရားမြတ် ရရှိပိုင်ဆိုင်ခဲ့မှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Paing Takhon’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment