Celebrity


Written by Ms Cele



ဒီကနေ့ မှာတော့ အိမ့်ချစ်က သူမတို့ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ စေ့စပ်လက်စွပ်လေးနှစ်ကွင်းကို လှူဒါန်းခဲ့ကြောင်း “မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများကို ၇ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီး ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့ပါသည် နတ်လူသာဓုခေါ်စေသော် 🙏🏼” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလာခဲ့ပါတယ်။


Source: Eint Chit’s fb

တန်ဖိုးထားရတဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို မွန်ဘုရင်မကြီး ရှင်စောပုကိုးကွယ် ခဲ့သော အောင်သိဒ္ဓိဘုရား များထံ လှူဒါန်း ပူဇော်ခဲ့တဲ့ အိမ့်ချစ်

ပရိသတ်ကြီးရေ ဦးချစ်ကောင်းရဲ့ အနုပညာ အမွေတွေကို အလုံးစုံရရှိ ပိုင်ဆိုင်ထားတဲ့ အိမ့်ချစ် ကတော့ ဂီတလောကရဲ့ နတ်ဘုရားမလေး တစ်ပါးလို့ တင်စား ရလောက်အောင် သူမရဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်အတွင်းကပဲ လက်ထပ်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ အလုပ်တွေ ကိုယ်စီကြောင့် ခင်ပွန်းဖြစ်သူ ကို Eric နဲ့ တစ်ယောက် တစ်နိုင်ငံစီခြားပြီး နေထိုင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ့်ချစ်ရဲ့ မင်္ဂလာသတင်း အတွက် ဝမ်းသာနေကြပြီး အိမ့်ချစ်ကလည်း သူမကို မြတ်နိုး တန်ဖိုးထားတဲ့ ယောကျာ်းကောင်းနဲ့ တွေ့ဆုံလက်ထပ် ခဲ့ရတာကြောင့် ပျော်ရွှင်စွာနဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ အိမ့်ချစ်က သူမတို့ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ စေ့စပ်လက်စွပ်လေးနှစ်ကွင်းကို လှူဒါန်းခဲ့ကြောင်း “မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများကို ရကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီး ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့ပါသည် နတ်လူသာဓုခေါ်စေသော် 🙏🏼” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလာခဲ့ပါတယ်။

အိမ့်ချစ် ကတော့ သူမတို့ ဇနီးမောင်နှံရဲ့ တန်ဖိုးထားမြတ်နိုးရတဲ့ စေ့စပ်လက်စွပ်လေးကို ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဆီမှာ လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆို ပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Eint Chit’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment