Celebrity


Written by Ms Cele







Crd

တန်ဖိုးကြီး ပစ္စည်း တစ်ခု ကို အံ့သြစရာ ကောင်းလောက် အောင် ရောင်းပြ သွား ပြန်တဲ့ မထက်

သရုပ်ဆောင် အကယ် ဒမီ ထက်ထက်မိုးဦး ကတော့ တစ်ချိန်က ကြော်ငြာ၊ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကား တွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိ မှာလည်း နာမည်ကြီး လက်ဝတ်ရတနာ၊ အိမ်ခြံမြေ၊ ကား စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ အတွက် အွန်လိုင်း ကနေ ရောင်းချပေး နေလျက် ရှိပါတယ်။

ထက်ထက်မိုးဦးဟာ ကိုဗစ်ကာလ မှာလည်း တစ်ရက်ကို အလုပ် (၂) ခုစီနဲ့ နေ့ရောညပါ အလုပ်လုပ်နေ ရတာဖြစ်ပြီး လုပ်ငန်းရှင်များရဲ့ အားကိုးယုံကြည်မှုကို ရရှိထား တာဖြစ်ပါတယ်

ယမန်နေ့ကတော့ လှိုင်သာယာပန်းလှိုင်အိမ်ယာမှ အိမ်တန်ဖိုးကြီး အိမ်တွေကို Live လွှင့်ပြီးရောင်း ခဲ့တာပဲဖြစ်ပြီး မြိတ်မြို့က ထက်ထက်ရဲ့ ပရိသတ်တစ်ဦးက Live ကိုကြည့်ပြီး သိန်း ၇၂၅၀ နဲ့ဝယ်ယူအားပေးသွားခဲ့ တာဖြစ်ပါတယ် ဒီအကြောင်းကို ထက်ထက်သူ့ရဲ့ လူမှုကွန်ယက်စာ မျက်နှာမှတဆင့် အခုလိုမျှဝေလာခဲ့တာဖြစ်ပါတယ်

“စေတနာ သည်သာ ကံ” Pun Hlaing Housing ကနေ အခုပဲဖုန်းဆက် လာတာLotus Place (Live မှာ ထက်ဒုတိယပြတဲ့အိမ်) သိန်း 7250 အတွက် စရံချ သွားပြီ တဲ့။မြိတ်ကနေ Live ကိုကြည့်ပြီး ဝယ်ယူတာမို့ ထက်အရမ်းကိုပျော်ရွှင် ရပါတယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာ မျက်နှာမှတဆင့် အသိပေးလာ ခဲ့တာဖြစ်ပါတယ်

ထက်ထက် ကတော့ ဘာတွေပဲ ရောင်းရောင်း ထက်ထက်ရဲ့ ပရိသတ် တွေကတော့ ထက်ထက်ကို ချစ်လို့ ဝယ်ယူအားပေး နေကြတာပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်း နေတဲ့ သတင်းလေးမို့ တင်ဆက်ပေး လိုက်ရပါတယ်နော်။

Crd

About the author

Ms Cele

Leave a Comment