Celebrity


Written by Ms Cele





Credit:Swelsone News

တန်ဆောင်မုန်းလပြည့်နေ့မှာ ကျောင်းဆောက်ရန် အတွက် သစ်တံခါး ဆရာတော်ဘုရားကို အလှူငွေသိန်း(၅၀၀) လှူဒါန်း လိုက်တဲ့ စမိုင်းလ်တို့ မိသားစု

ချစ်ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ တစ်ချိန်က ပီပြင်တဲ့ ဇာတ်ရုပ်တွေ ကောင်းမွန်လွန်းတဲ့ သရုပ်ဆောင် ချက်တွေနဲ့ အနုပညာလောကမှာ နေရာ တစ်ခုကို အခိုင်အမာရယူထားနိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာ အလုပ်တွေနဲ့ အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ သူမကတော့ ယနေ့ အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူ ထားနိုင်သူတစ်ယောက်ဖြစ်ပြီး ကြည်နူးစရာ ကောင်းတဲ့ မိသားစုလေး ကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

သူမကတော့ အေးချမ်းသာယာတဲ့ မိသားစု ဘဝလေးကို တည်ဆောက် ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ် တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။

မနေ့က တန်ဆောင်မုန်း လပြည့်နေ့လေး မှာလည်း သစ်တံခါး ဆရာတော် ဘုရားကျောင်း ဆောက်ရန် အတွက် နောက်ထပ် အလှူငွေသိန်း(၅၀၀) လှူဒါန်းခဲ့ကြောင်းကို ပုံလေးတွေနဲ့အတူ ” ယနေ့လပြည့်နေ့တွင် မရည်ရွယ်ပဲမမျှော်မှန်းပဲ သစ်တံခါးဆရာတော် ဘုရားကျောင်းဆောက်ရန်အတွက်နောက်ထပ်အလှူငွေ သိန်း ( ၅၀၀ ) ကျပ်လှူဒါန်းခဲ့ပြီး မြဝတီမြို့တွင်ပံ့သကူပစ်ရန် ( ၅သိန်း ) ကိုအွန်လိုင်းကနေပဲ လှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်”ဆိုတဲ့ စာလေးနဲ ့ဖော်ပြခဲ့ရာ သာဓုခေါ်နိုင် စေရန် မျှဝေပေးလိုက်ပါတယ်

Credit:Swelsone News

About the author

Ms Cele

Leave a Comment