Celebrity

တန္ေဆာင္မုန္း လျပည့္ေန့ေလးမွာ ခ်စ္သူကို အလင္းျပလိုက္တဲ့ ေအးျမတ္သူ

Written by Ms Cele

တန္ေဆာင္မုန္း လျပည့္ေန့ေလးမွာ ခ်စ္သူကို အလင္းျပလိုက္တဲ့ ေအးျမတ္သူ

ပရိသတ္ေတြက မျမတ္ေလးလို့ ခ်စ္စနုိးနဲ့ ေခၚၾကတဲ့ မင္းသမီးေခ်ာ ေအးျမတ္သူ ကေတာ့ ရယ္လုိက္ရင္ ပါးခ်ိဳင့္ လွလွေလးနဲ့ ျမင္သူရင္ကို ေအးခ်မ္း ေစတဲ့ အလွပိုင္ရွင္ေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေအးျမတ္သူကေတာ့ ျပီးခဲ့တဲ့နွစ္ အတြင္းက “ေခါက္ထီးေလး မလံု့တလံု” ရုပ္ရွင္ ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ပို့ဆုၾကီးကို ထိုက္ထိုက္ တန္တန္ ဆြတ္ခူးရရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ အကယ္ဒမီဆုရွင္ တစ္ေယာက္ ျဖစ္ေနျပီျဖစ္တဲ့ ေအးျမတ္သူ ကေတာ့ သူမရဲ့ အနုပညာ လႈပ္ရွားမႈေတြကို အရင္အတိုင္း ပံုမွန္အတိုင္းသာ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။

အသက္ (၃၅) နွစ္အရြယ္ ေရာက္ရိွေနျပီျဖစ္တဲ့ ေအးျမတ္သူ ကေတာ့ သူမရဲ့ အိမ္ေထာင္ေရးနဲ့ ပက္သတ္ျပီး ခ်စ္သူရိွေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာျပထားကာ မၾကာခင္နွစ္ပိုင္း အတြင္းမွာလည္း ေရႊလက္တြဲလက္ထပ္ေတာ့မွာျဖစ္ေၾကာင္းကို အသိေပးထားတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေအးျမတ္သူက သူမရဲ့ ဘဝလက္တြဲ ေဖာ္ခ်စ္သူကို တိတိက်က် အလင္းျပလိုက္ျပီျဖစ္ျပီး (၇) ရက္သားသမီး ပရိသတ္ေတြကို တန္ေဆာင္မုန္းလျပည့္ေန့မွာ စိတ္ေအးခ်မ္းသာ စြာ ကုသုိလ္ျပဳနိုင္ဖို့ ဆုေတာင္း ေပးထားပါတယ္။

ေအးျမတ္သူ ကေတာ့ မဂၤလာရိွတဲ့ တန္ေဆာင္မုန္း လျပည့္ေနေလးမွာ ခ်စ္သူကို အလင္းျပခဲ့ျပီပဲ ျဖစ္ပါတယ္။ ေအးျမတ္သူတို့ ခ်စ္သူ နွစ္ေယာက္ အျမန္ဆံုး ေရႊလက္တြဲနိုင္ ပါေစလို့ ဆုေတာင္းေပး လုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

တန်ဆောင်မုန်း လပြည့်နေ့လေးမှာ ချစ်သူကို အလင်းပြလိုက်တဲ့ အေးမြတ်သူ

ပရိသတ်တွေက မမြတ်လေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူ ကတော့ ရယ်လိုက်ရင် ပါးချိုင့် လှလှလေးနဲ့ မြင်သူရင်ကို အေးချမ်း စေတဲ့ အလှပိုင်ရှင်လေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးမြတ်သူကတော့ ပြီးခဲ့တဲ့နှစ် အတွင်းက “ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကြီးကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုရှင် တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ အေးမြတ်သူ ကတော့ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကို အရင်အတိုင်း ပုံမှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အသက် (၃၅) နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူ ကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားကာ မကြာခင်နှစ်ပိုင်း အတွင်းမှာလည်း ရွှေလက်တွဲလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေးမြတ်သူက သူမရဲ့ ဘဝလက်တွဲ ဖော်ချစ်သူကို တိတိကျကျ အလင်းပြလိုက်ပြီဖြစ်ပြီး (၇) ရက်သားသမီး ပရိသတ်တွေကို တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်အေးချမ်းသာ စွာ ကုသိုလ်ပြုနိုင်ဖို့ ဆုတောင်း ပေးထားပါတယ်။

အေးမြတ်သူ ကတော့ မင်္ဂလာရှိတဲ့ တန်ဆောင်မုန်း လပြည့်နေလေးမှာ ချစ်သူကို အလင်းပြခဲ့ပြီပဲ ဖြစ်ပါတယ်။ အေးမြတ်သူတို့ ချစ်သူ နှစ်ယောက် အမြန်ဆုံး ရွှေလက်တွဲနိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment