Celebrity

တန္ေဆာင္မုန္း လျပည့္ေန႕မွာ တစ္ေသာင္းတန္ အထပ္လိုက္ကို ပံ့သကူပစ္ၿပီး ကုသိုလ္ယူမယ့္ နန္းဆုရတီစိုး

Written by Ms Cele

တန္ေဆာင္မုန္း လျပည့္ေန႕မွာ တစ္ေသာင္းတန္ အထပ္လိုက္ကို ပံ့သကူပစ္ၿပီး ကုသိုလ္ယူမယ့္ နန္းဆုရတီစိုး

႐ုပ္ရည္ေခ်ာေမာ လွပသလို စိတ္ထားေကာင္းတဲ့ အဆိုေတာ္၊ မင္းသမီးေခ်ာေလး ကေတာ့ နန္းဆုရတီစိုးပါ။ အႏုပညာေလာက မွာႏွစ္ေပါင္းမ်ားစြာ ေလၽွာက္လွမ္းခဲ့ၿပီး ပရိသတ္အခ်စ္ေတြကို ရယူပိုင္ဆိုင္ထားဆဲ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ နန္းဆုကေတာ့ ေန႔ထူးေန ႔ျမတ္ေလးမွာ ကုသိုလ္ယူဖို႔အတြက္ႀကိဳးစားေနတာပါ။

နန္းဆုကေတာ့ တန္ေဆာင္းမုန္းလျပည့္ေန႔မွာ ပံ့သကူလႉမယ့္ အေၾကာင္းကို “တန္ေဆာင္မုန္းလျပည့္ေန႔ မွာ ပံ့သကူအလႉေလးေတြ လႉဖို႔အတြက္ ျပင္ဆင္ေနၾကပုံေလးေတြပါ ခ်စ္စရာအစဥ္ အလာအေလ့ အက်င့္ ေလးမို႔ နန္းဆုလည္း ဝမ္းသာေပ်ာ္ရႊင္စြာ လိုက္လုပ္ျဖစ္ပါတယ္ ပံ့သကူ အလႉေလးေတြ ရရွိသူေတြအားလုံး စိတ္ခ်မ္းသာေပ်ာ္ရႊင္ၾကပါေစရွင့္ နန္းဆုတို႔ ပံသကူပစ္ဖို႔ ျပင္ဆင္ေနၾကတာနဲ႔ လိုက္ပစ္တဲ့ video ေလးကို ညက် တင္ေပးမယ္ေနာ္ ခ်စ္ပရိတ္သတ္ ေတြ အားလုံး တန္ေဆာင္မုန္းလျပည့္ေနမွာ ေပ်ာ္ရႊင္ၾကပါေစ အပူအပင္ေတြ ကင္းေဝးပါေစ လို႔ ဆုမြန္ေကာင္းေတာင္းလိုက္ ပါတယ္ရွင့္” ဆိုၿပီးေတာ့ သူ႔ရဲ့ေဖ့ဘြတ္ခ္ အေကာင့္မွာ ေရးသားေဖာ္ျပ ထားပါတယ္။

ဒါ့အျပင္ျပင္ဆင္ေနတဲ့ ပုံေလးေတြကိုလည္း မၽွေဝခဲ့တာျဖစ္ၿပီး တစ္သာင္းဆန္ အထပ္လိုက္ကို လႉဒါန္းဖို႔ အတြက္ျပင္ဆင္ေနတာ ကိုလည္း ေတြ႕ရမွာပါ။ ႐ုပ္ေခ်ာသေလာ ေစတနာ သဒၶါတရား ထက္သန္လြန္းသူေလးပါပဲေနာ္…

Credit:Cele Gabar

တန်ဆောင်မုန်း လပြည့်နေ့မှာ တစ်သောင်းတန် အထပ်လိုက်ကို ပံ့သကူပစ်ပြီး ကုသိုလ်ယူမယ့် နန်းဆုရတီစိုး

ရုပ်ရည်ချောမော လှပသလို စိတ်ထားကောင်းတဲ့ အဆိုတော်၊ မင်းသမီးချောလေး ကတော့ နန်းဆုရတီစိုးပါ။ အနုပညာလောက မှာနှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ပြီး ပရိသတ်အချစ်တွေကို ရယူပိုင်ဆိုင်ထားဆဲ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ နန်းဆုကတော့ နေ့ထူးနေ ့မြတ်လေးမှာ ကုသိုလ်ယူဖို့အတွက်ကြိုးစားနေတာပါ။

နန်းဆုကတော့ တန်ဆောင်းမုန်းလပြည့်နေ့မှာ ပံ့သကူလှူမယ့် အကြောင်းကို “တန်ဆောင်မုန်းလပြည့်နေ့ မှာ ပံ့သကူအလှူလေးတွေ လှူဖို့အတွက် ပြင်ဆင်နေကြပုံလေးတွေပါ ချစ်စရာအစဉ် အလာအလေ့ အကျင့် လေးမို့ နန်းဆုလည်း ဝမ်းသာပျော်ရွှင်စွာ လိုက်လုပ်ဖြစ်ပါတယ် ပံ့သကူ အလှူလေးတွေ ရရှိသူတွေအားလုံး စိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင့် နန်းဆုတို့ ပံသကူပစ်ဖို့ ပြင်ဆင်နေကြတာနဲ့ လိုက်ပစ်တဲ့ video လေးကို ညကျ တင်ပေးမယ်နော် ချစ်ပရိတ်သတ် တွေ အားလုံး တန်ဆောင်မုန်းလပြည့်နေမှာ ပျော်ရွှင်ကြပါစေ အပူအပင်တွေ ကင်းဝေးပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက် ပါတယ်ရှင့်” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ် အကောင့်မှာ ရေးသားဖော်ပြ ထားပါတယ်။

ဒါ့အပြင်ပြင်ဆင်နေတဲ့ ပုံလေးတွေကိုလည်း မျှဝေခဲ့တာဖြစ်ပြီး တစ်သာင်းဆန် အထပ်လိုက်ကို လှူဒါန်းဖို့ အတွက်ပြင်ဆင်နေတာ ကိုလည်း တွေ့ရမှာပါ။ ရုပ်ချောသလော စေတနာ သဒ္ဓါတရား ထက်သန်လွန်းသူလေးပါပဲနော်…

Credit:Cele Gabar

About the author

Ms Cele

Leave a Comment